ရန်ကုန် ၁၉ မတ်
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်ကာကွယ်မှုအဖြစ် ကန်ဒိုသင်တန်းများအားလုံးပိတ်ထားရ ကြောင်း မတ် ၁၈ ရက် နံနက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းရှိ ကန်ဒိုအားကစားခန်းမ၌ ပြုလုပ်သည့် ဂျပန်နိုင်ငံ ကန်ဒိုအဖွဲ့ချုပ်က မြန်မာနိုင်ငံကန်ဒိုအဖွဲ့သို့ အားကစား ဝတ်စုံလှူဒါန်းပွဲတွင် မြန်မာ နိုင်ငံကန်ဒို အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းဇော်က ပြောသည်။
"ကျွန်တော်တို့ ကန်ဒိုကစားအောင်မြင်မှုတွေကို ဂျပန်နိုင်ငံ ကန်ဒိုအဖွဲ့ချုပ်က လှူဒါန်းတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ ဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်သင်တန်းတွေအားလုံး ပိတ်ထားရပါတယ်။ ဧပြီလကုန်အထိတော့ ခန့်မှန်းထားပါတယ်။ ဧပြီလကုန်မှ တည်ငြိမ်မှုမရှိဘူးဆိုရင် ပိတ်မယ့်ရက်များကို ထပ်တိုးဖို့ ရှိပါတယ်။ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေပြိုင်ဖို့ အစီအစဉ်မရှိသေးပါဘူးဟု"ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းဇော်က ဆက်လက်ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှအကြံပေး Mr.HOSONO Junichi က ကန်ဒိုအားကစား ဝတ်စုံ ၂၀ ကို မြန်မာနိုင်ငံ ကန်ဒိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထွန်းဇော်ထံ ပေးအပ်လှူဒါန်းသည်။
မြန်မာနိုင်ငံ ကန်ဒိုအဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အင်ဒိုနီရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ကန်ဒိုအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ အကောင်းဆုံး ကစားသမား ၁၆ ဦး စာရင်းတွင် နှစ်ဦး ပါဝင်ခဲ့သည်။
သတင်းနှင့်ဓာတ်ပုံအာကာစိုး


