၁၅ မေ

 

ဗြိတိန်နိုင်ငံတွင်းရှိ ဘိုးဘွားရိပ်သာတွေမှာ နေထိုင်တဲ့ အဘိုးအဘွား ၁၂,၅၂၆ ဦး ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးခဲ့ကြောင်း မေ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အင်္ဂလန်နဲ့ဝေးလ်ရှိ ဘိုးဘွားရိပ်သာတွေမှာ နေထိုင်သူ ၁၂,၅၂၆ ဦးဟာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် မတ်နဲ့ဧပြီလအတွင်းမှာ သေဆုံးခဲ့ပါတယ်။  ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူစုစုပေါင်း ရဲ့ လေးပုံတစ်ပုံကျော်ဟာ ဘိုးဘွားရိပ်သာတွေမှာ နေထိုင်တဲ့ အဘိုအဘွားတွေဖြစ်ကြာင်း အစိုးရထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

၂၀၂၀ ပြည့်နှစ် မတ် ၂ မှ မေ ၁  အတွင်း  ဘိုးဘွားရိပ်သာတွေမှာ သေဆုံးသူ  ၄၅,၈၉၉ ဦးရှိခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၂,၅၂၆ ဦး ရှိတဲ့အတွက် သေဆုံးစုစုပေါင်းရဲ့ ၂၇.၃ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံး သူတွေဖြစ်ပါတယ်။

 

mdn

 

သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှပ်စ် က ဘိုးဘွားရိပ်သာအများစုမှာ ဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိကြောင်း၊ အိမ်နီးချင်း ဉရောပနိုင်ငံတွေထက်စာရင် ဗြိတိန်နိုင်ငံရဲ့ ဘိုးဘွားရိပ်သာတွေမှာ သေဆုံးနှုန်းက နည်းပါးကြောင်း ပြောပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ ၂၃၃,၁၅၁ ဦးထဲမှ ၃၃,၆၁၄ ဦး သေဆုံးကြောင်း မတ် ၁၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN
ကိုးကား - AFP