၅ မေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သွားလာရေးတွေ တားဆီးလိုက်တဲ့အတွက် ထောင်သောင်းချီတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ တခြားနိုင်ငံတွေမှာ သောင်တင်နေကြပါတယ်။ သောင်တင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အမိနိုင်ငံကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် ရေတပ်မှ သင်္ဘောတွေ နဲ့ လေယာဉ်တွေ ပါဝင်တဲ့ ပြန်လည်ပေါင်းစည်ရေး အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မတ်လကုန်ပိုင်းကစပြီး နိုင်ငံတကာက လေယာဉ်တွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ အဲဒီလို ပိတ်ပင်တားမြစ်လိုက်တဲ့အတွက် အိန္ဒိယနိုင်ငံက လုပ်သားတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ နိုင်ငံတကာမှာ သောင်တင်နေခဲ့ပါတယ်။

မော်ဒိုက် နဲ့ ယူအေအီး နိုင်ငံတွေက အိန္ဒိယနိုင်ငံသား ၃.၃ သန်းကို အိမ်ပြန်ခေါ်နိုင်ရန် ဒီနေ့(အင်္ဂါနေ့) မှာ ရေတပ်က သင်္ဘောနှစ်စင်းစေလွှတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
အိန္ဒိယနိုင်ငံသားစာရင်းကို နိုင်ငံခြားမှာ ရှိနေတဲ့ အိန္ဒိယသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးနေကနေ စာရင်းပြုလုပ်ပြီး လာမယ့် ကြာသပတေးနေ့မှာ စတင်ပြီး နိုင်ငံသားတွေကို အိမ်ပြန်ခေါ်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း အစိုးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒူဘိုင်းရှိ ကောင်စစ်ဝန်ရုံးမှာ အိန္ဒိယနိုင်ငံသား နှစ်သိန်းနီးပါးက အိမ်ပြန်ဖို့ လျှောက်လွှာတင်ထားကြောင်း သိရပါတယ်။ ရေနံချမ်းသာတဲ့ နိုင်ငံမှာ လုပ်ခဈေးပေါတဲ့ နိုင်ငံခြားသားတွေဟာ မိုးမျှော်တိုက်တွေ၊ စတိုးဆိုင်တွေ နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။
ယူအေအီး နိုင်ငံအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို ပြန်ခေါ်ဖို့ သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းခဲ့ပြီး ဧပြီ ၂၀ ရက် စာရင်းအရ အိန္ဒိယနိုင်ငံမှ လုပ်သားပေါင်း ၂၃,၀၀၀ ဦး ကျန်ရှိနေကြောင်း သိရပါတယ်။
တရုတ်၊ ဂျပန်၊ အီတလီ နဲ့ အီရန် နိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသား ၂,၅၀၀ ဦးကို နိုင်ငံတကာနဲ့ ပြည်တွင်းလေကြောင်း လိုင်းတွေ ပျံသန်းခွင့်မပိတ်ခင်က အမိနိုင်ငံကို ပြန်လည်ခေါ်ယူပြီးဖြစ်ပါတယ်။
MDN
ကိုးကား - AFP