၂၃ ဧပြီ

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၁၈၃,၇၀၇ ဦးရှိပြီဖြစ်ကြောင့် AFP သတင်းဌာနရဲ့ နေ့စဉ် မှတ်တမ်းအရသိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံ/ဒေသပေါင်း ၁၉၃ နေရာမှာ လူပေါင်း ၂,၆၃၆,၇၄၀ ဦး ကူးစက်ခံရပြီး ၆၉၆,၇၀၀ ဦးက ပြန်လည်ကျန်းမာလာကြောင်း ဖော်ပြထားပါတယ်။

 

နိုင်ငံတော်တော်များများမှာ  အပြင်းအထန် ခံစားနေရသူများသာ ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်ပေးတာကို တွေ့ရပါတယ်။

 

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ ၄၆,၇၈၅ ဦးနဲ့ ရောဂါပိုးကူးစက်ခံရသူ ၈၄၂,၆၂၄ ဦး ရှိပေမယ့် ၇၆,၆၁၄ ဦး ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရပါတယ်။

 

အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးဒဏ်ဒုတိယ  ခံရတဲ့နိုင်ငံဖြစ်ပြီး သေဆုံးသူ ၂၅,၀၈၅ ဦးနဲ့ ရောဂါကူးစက်ခံရသူ ၁၈၇,၃၂၇ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

 

အဲဒီနောက်မှာ စပိန်နိုင်ငံမှာ ၂၂,၁၅၇ ဦးသေဆုံးပြီး ၂၁၃,၀၂၄ ဦး ရောဂါခံစားရကြောင်း၊ ပြင်သစ်နိုင်ငံမှာ ၂၁,၃၄၀ ဦး သေဆုံးပြီး ၁၅၅,၈၆၀ ဦး ရောဂါခံစားရကြောင်း၊ ဗြိတိန်နိုင်ငံမှာ ၁၈,၁၀၀ ဦး သေဆုံးပြီး ၁၃၃, ၄၉၅ ဦး ရောဂါကူးစက်ခံခဲ့ရပါတယ်။

 

ဟောင်ကောင် နဲ့ မက္ကာအို အပါအဝင် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄,၆၃၂ဦး နဲ့ ရောဂါကူးစက်ခံရသူ ၈၂,၇၉၈ ဦး ကြောင်း မှတ်တမ်းအရ သိရပါတယ်။

 

ကမ္ဘာတစ်ဝန်းက ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နဲ့ သေဆုံးသူ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ဉရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၂၇၅,၁၆၁ဦး သေဆုံးသူ ၁၁၃,၈၅၅ဦး၊
  • အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ၈၈၂,၈၁၄ ဦး ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၄၈,၈၅၉ဦး၊
  • အာရှနိုင်ငံတွေမှာ ၁၈၂,၇၃၇ ဦးရောဂါကူးစက်ခံရပြီး ၇,၄၉၅ဦး သေဆုံး၊
  • အရှေ့အလယ်ပိုင်း ၁၃၈,၆၇၂ ဦး ရောဂါကူးစက်ခံရပြီး ၅,၉၉၂ ဦးသေဆုံး၊
  • လက်တင်အမေရိကားနဲ့ ကာရီဘီယန်ဒေသမှာ ၁၂၂,၆၂၀ ဦး ရောဂါကူးစက်ခံရပြီး ၆,၁၆၆ဦး သေဆုံး၊
  • အာဖရိကမှာ ၂၅,၇၉၆ ဦး ရောဂါကူးစက်ခံရပြီး ၁,၂၄၃ဦး သေဆုံး၊
  • သမုဒ္ဒရာတွင်းဒေသမှာ ၇,၉၄၃ ဦး ရောဂါ ကူးစက်ခံရပြီး ၉၇ ဦး သေဆုံးကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

MDN

ကိုးကား - AFP