၁၃ မေ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၂၈၉,၁၃၈ ဦးရှိပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း က ထုတ်ပြန်ချက်တဲ့ AFP သတင်းဌာနရဲ့ နေ့စဉ် မှတ်တမ်းအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံ/ဒေသပေါင်း ၁၉၅ နေရာ မှာ လူပေါင်း ၄,၂၂၆,၁၁၀ ကူးစက်ခံရပြီး ၁,၄၄၄,၇၀၀ ဦးက ပြန်လည်ကျန်းမာ လာကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတော်တော်များများမှာ အပြင်းအထန်ခံစားနေရသူများသာ ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်ပေးတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ (၂၄) နာရီအတွင်းမှာ သေဆုံးသူ ၅,၁၈၄ ဦး နဲ့ ရောဂါကူးစက်ခံရသူ ၇၇,၇၃၃ ဦးရှိကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးနိုင်ငံ ဖြစ်ပြီး သေဆုံးသူ ၈၁,၆၅၀ နဲ့ ရောဂါပိုးကူးစက်ခံရသူ ၁,၃၅၈,၀၀၀ဦး ရှိပေမယ့် ၂၃၂,၇၃၃ဦးပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံမှာ လူပေါင်း ၂၂၆,၄၆၃ ဦးဟာ ရောဂါပိုးကူးစက်ခံပြီး အဲဒီထဲမှ ၃၂,၆၉၂ ဦးသေဆုံးကြောင်း သိရပါတယ်။ ဗြိတိန်ဒေသတွင်း ကျန်းမာရေးဌာန က ထုတ်ပြန်ချက်မှာ ၃၆,၀၀၀ ကျော် သေဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။
အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၀,၉၁၁ ဦးပြီး ရောဂါကူးစက်ခံရသူ ၂၂၁,၂၁၆ ဦးရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီနောက်မှာ အီတလီနိုင်ငံမှာ ၃၀,၉၁၁ ဦး သေဆုံးပြီး ၂၂၁,၂၁၆ ဦး ရောဂါကူးစက်ခံစားရကြောင်း၊ ပြင်သစ်နိုင်ငံမှာ ၂၆,၉၉၁ဦးသေဆုံးပြီး ၁၇၈,၂၂၅ဦး ရောဂါခံစားရကြောင်း နဲ့ စပိန်နိုင်ငံမှာ ၂၆,၉၂၀ ဦးသေဆုံးပြီး ၂၂၈,၀၃၀ဦးရောဂါခံစားရကြောင်း ခံခဲ့ရပါတယ်။
ဟောင်ကောင် နဲ့ မကာအို အပါအဝင် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄,၆၃၃ဦး နဲ့ ရောဂါကူးစက်ခံရသူ ၈၂,၉၁၉ ဦး ကြောင်း၊ လူပေါင်း ၇၈,၁၇၁ဦး ပြန်လည်ကျန်းမာလာကြောင်း မှတ်တမ်းအရ သိရပါတယ်။
ကမ္ဘာတစ်ဝန်းက ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နဲ့ သေဆုံးသူ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
• ဉရောပနိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၇၈၀,၇၉၆ဦး သေဆုံးသူ ၁၅၉,၂၀၄ဦး၊
• အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ၁,၄၂၉,၀၉၉ ဦး ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၈၆,၈၉၀ဦး၊
• လက်တင်အမေရိကားနဲ့ ကာရီဘီယန်ဒေသမှာ ၃၉၀,၄၆၁ဦးရောဂါကူးစက်ခံရပြီး ၂၁,၈၂၉ဦး သေဆုံး၊
• အာရှနိုင်ငံတွေမှာ ၃၀၉,၈၂၅ဦးရောဂါကူးစက်ခံရပြီး ၁၀,၉၇၇ဦး သေဆုံး၊
• အရှေ့အလယ်ပိုင်း ၂၃၉,၂၆၆ဦး ရောဂါကူးစက်ခံရပြီး ၇,၇၃၇ ဦးသေဆုံး၊
• အာဖရိကမှာ ၆၈,၃၆၄ဦး ရောဂါကူးစက်ခံရပြီး ၂,၃၇၆ဦး သေဆုံး၊
• သမုဒ္ဒရာတွင်းဒေသမှာ ၈,၃၀၂ဦး ရောဂါ ကူးစက်ခံရပြီး ၁၂၅ ဦး သေဆုံးကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။
MDN
ကိုးကား - AFP