၂၈ ဧပြီ

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၂၁၁,၁၈၅ ဦး ရှိပြီဖြစ်ကြောင်း AFP သတင်းဌာနရဲ့ နေ့စဉ် မှတ်တမ်းအရ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံ/ဒေသပေါင်း ၁၉၃ နေရာမှာ လူပေါင်း ၃,၀၃၀,၂၄၀ ဦးကူးစက်ခံရပြီး ၈၃၂,၀၀၀ ဦးက ပြန်လည်ကျန်းမာလာကြောင်း ဖော်ပြထားပါတယ်။

 

နိုင်ငံတော်တော်များများမှာ အပြင်းအထန်ခံစားနေရသူများသာ ဗိုင်းရပ်စ်ပိုးရှိ/မရှိ စမ်းသပ်ပေးတာကို တွေ့ရပါတယ်။

 

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ပိုးဒဏ်ခံရဆုံး နိုင်ငံဖြစ်ပြီး ရောဂါပိုးကူးစက်ခံရသူ ၉၈၈,၄၆၉ ဦး ထဲမှ သေဆုံးသူ ၅၆,၂၅၃ ဦး ရှိပေမယ့် ၁၁၁,၅၈၃ ဦး ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရပါတယ်။

 

အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးဒဏ် ဒုတိယခံရတဲ့ နိုင်ငံဖြစ်ပြီး သေဆုံးသူ ၂၆,၉၇၇ ဦးနဲ့ ရောဂါကူးစက်ခံရသူ ၁၉၉,၄၁၄ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

 

အဲဒီနောက်မှာ စပိန်နိုင်ငံမှာ ၂၃,၈၂၂ ဦး သေဆုံးပြီး ၂၁၀,၇၇၃ ဦး ရောဂါခံစားရကြောင်း၊ ပြင်သစ်နိုင်ငံမှာ ၂၃,၂၉၃ ဦး သေဆုံးပြီး ၁၆၅,၈၄၂ ဦး ရောဂါခံစားရကြောင်း၊ ဗြိတိန်နိုင်ငံမှာ ၂၁,၀၉၂ ဦး သေဆုံးပြီး ၁၅၇, ၁၄၉ ဦး ရောဂါကူးစက်ခံခဲ့ရပါတယ်။

 

ဟောင်ကောင်နဲ့ မက္ကာအို အပါအဝင် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄,၆၃၃ဦး နဲ့ ရောဂါကူးစက်ခံရသူ ၈၂,၈၃၆ ဦးရှိကြောင်း မှတ်တမ်းအရ သိရပါတယ်။

 

ကမ္ဘာတစ်ဝန်းက ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနဲ့ သေဆုံးသူ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ဉရောပနိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၄၀၅,၃၁၁ ဦး သေဆုံးသူ ၁၂၆,၉၇၅ ဦး၊
  • အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ၁,၀၃၆,၆၉၈ ဦး ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၅၉,၀၃၄ ဦး၊
  • လက်တင်အမေရိကားနဲ့ ကာရီဘီယန်ဒေသမှာ ၁၇၇,၈၂၉ ဦး ရောဂါကူးစက်ခံရပြီး ၈,၈၉၇ ဦး သေဆုံး၊
  • အာရှနိုင်ငံတွေမှာ ၂၀၈,၇၅၄ ဦး ရောဂါကူးစက်ခံရပြီး ၈,၂၂၁ ဦး သေဆုံး၊
  • အရှေ့အလယ်ပိုင်း ၁၆၀,၄၇၇ ဦး ရောဂါကူးစက်ခံရပြီး ၆,၄၈၂ ဦးသေဆုံး၊
  • လက်တင်အမေရိကားနဲ့ ကာရီဘီယန်ဒေသမှာ ၁၇၇,၈၂၉ ဦး ရောဂါကူးစက်ခံရပြီး ၈,၈၉၇ ဦး သေဆုံး၊
  • အာဖရိကမှာ ၃၃,၁၄၀ ဦး ရောဂါကူးစက်ခံရပြီး ၁,၄၆၆ ဦး သေဆုံး၊
  • သမုဒ္ဒရာတွင်းဒေသမှာ ၈,၀၃၇ ဦး ရောဂါကူးစက်ခံရပြီး ၁၁၀ ဦး သေဆုံးကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

MDN

ကိုးကား - AFP