၂၉ ဧပြီ
ကမ္ဘာတစ်ဝန်း ကပ်ရောဂါဖြစ်ပွားနေချိန်မှာ မွေးဖွားလာတဲ့ ကလေးငယ်တစ်ယောက်အမည်ကို ကိုရိုနာကူမား ဟုလည်းကောင်း၊ နောက်တစ်ဉီးအမည်ကို ကိုဗစ်မာရီယာ ဟုလည်းဖြစ်ကောင်း မိဘတွေက အမည်ပေးထားကြောင်း သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းက ဘာကိုလော့ မြို့မှာနေထိုင်တဲ့ ကောလင်းတပ်ဘီဆာ က ဧပြီ ၁၃ ရက်နေ့မှာ သမီးလေးတစ်ယောက် မွေးဖွားရာ မိခင် ကောလင်းတပ်ဘီဆာ နဲ့ ဖခင် ဂျွန်တပ်ပါ တို့က လက်ရှိအချိန်အခါကို မှတ်သားတဲ့အနေနဲ့ သမီးလေး အမည်ကို ကိုဗစ်မာရီယာလို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။
အသက် ၂၃ အရွယ် မိခင်ဖြစ်သူ ကောလင်းက သူသမီးလေးကို အခက်အခဲကြားက မွေးဖွားခဲ့ရတယ်။ ကိုရိုနာဗိုင်းရပ်စပ် ရောဂါကို အမှတ်ရစေချင်တယ်။ ကပ်ရောဂါကြီးထဲမှာ ပျော်ရွှင်မှုကို ဆောင်ကြဉ်းလာတဲ့ သမီးလေးဆိုတဲ့ အဓိပ္ပါယ်နဲ့ သမီးလေးနာမည်ကို ကိုဗစ်မာရီယာလို့ ပေးလိုက်တာဖြစ်ကြောင်း မိဘတွေက ပြောပါတယ်။
ကိုရိုနာ ကူမားနဲ့ ကိုရိုနာ ကုမာရီ လို့ အမည်ပေးထားတဲ့ ကလေးနှစ်ယောက်လည်း ရှိနေပြီး အဲဒီကလေးတွေကို မွေးဖွားပေးတဲ့ ဆရာဝန်က ကပ်ရောဂါကြီးအကြောင်းကို လူအများအား သတိပေးနိုင်ရန် အမည်ပေးဖို့ မိဘတွေကို တိုက်တွန်းအကြံပေးရာ မိဘတွေကလည်း လက်ခံတဲ့အတွက် အဲဒီအမည်တွေ ပေးဖြစ်ကြောင်း သိရပါတယ်။
နောက်ကလေးတယောက်ကတော့ လော့ဒေါင်း အမည်ရှိ ကလေးငယ်ကို အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား မိဘနှစ်ပါးက မွေးဖွားခဲ့ကြောင်း သိရပါတယ်။
ဖခင်ဖြစ်သူက သူတို့သားငယ်ကို လော့ဒေါင်းလို့ အမည်ပေးရတာက ကပ်ရောဂါကြောင့် အားလုံးအခက်အခဲနဲ့တွေ့ကြုံနေချိန်ကို သတိရစေရန် ရည်ရွယ်ကြောင်း ဒေသတွင်း သတင်းဌာနတွေကို ပြောပါတယ်။
MDN
ကိုးကား - AFP