၁၉ ဇူလိုင်
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၆၀၀,၀၀၀ ကျော်သွားကြောင်း AFP သတင်းဌာနရဲ့ ဒီနေ့ (တနင်္ဂနွေနေ့) ထုတ်ပြန်ချက်အသိရပါတယ်။
ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၁၄,၂၃၃,၃၅၅ ထဲ သေဆုံးသူ ၆၀၀,၅၂၃ ဦးရှိကြောင်း ကမ္ဘာတစ်ဝန်းက တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးဖြစ်တဲ့ ဉရောပတိုက်မှာ သေဆုံးသူ ၂၀၅,၀၆၅ ဦးရှိကြောင်း သိရပါတယ်။
ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးဒုတိယအများဆုံးနိုင်ငံတွေက လက်တင်အမေရိကားဒေသမှာ ဖြစ်ပြီး သေဆုံးသူ ၁၆၀,၇၂၆ ဦးရှိပါတယ်။
သေဆုံးသူ အများဆုံးနိုင်ငံဟာ အမေရိကန်နိုင်ငံ (၁၄၀,၁၀၃ ဦး)၊ ဘရာဇီး (၇၈,၇၇၂ ဦး)၊ ဗြိတိန် (၄၅,၂၇၃ ဦး)၊ မက္ကဆီကို (၃၈,၈၈၈ ဦး) နဲ့ အီတလီ (၃၅,၀၄၂ ဦး) တို့ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP

