ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံတွင် သေဆုံးသူ နှစ်ဦးရှိလာ

၂၅ မတ်

 

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရာ သေဆုံးသူ နှစ်ဦး ရှိပြေဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒူလာရှ် မာရာက ယနေ့ ပြောကြားခဲ့သည်။

 

ရောဂါကူးစက်မှုကြောင့် ဒုတိယမြောက် သေဆုံးသူမှာ ဟီရတ်ပြည်နယ်မှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သတင်းထောက်များကို မာရာ က အတည်ပြုပြောကြားခဲ့သည်။

 

၎င်းကူးစက်ရောဂါကြောင့် တနင်္ဂနွေနေ့က ပထမဦးဆုံး သေဆုံးခဲ့သူမှာ ဘော်လ်ခ်ပြည်နယ်မှ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူအရေအတွက် ၇၄ ဦးရှိကြောင်း ယင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

 

နေတိုးဦးဆောင်သော ညွန့်ပေါင်းအဖွဲ့မှ အဖွဲ့ဝင်လေးဦးမှာလည်း ထိုရောဂါကူးစက်မှုခံခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို