ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန် ပြည်သူများ ကမောက်ကမ ဖြစ်နေ

၂၄ မတ်

 

အမေရိကန်ပြည်ထောင်စု အနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ခဲ့ရပြီး အလုပ်သမားများ နေအိမ်များတွင်  အလုပ်လုပ်နေရသဖြင့်  ပြည်သူများ၏လူမှုဘဝများ ကမောက်ကမဖြစ်နေသည်။

 

ဝါရှင်တန် ဒီစီ နှင့် ပြည်နယ် ၄၆ ခုရှိ အစိုးရ နှင့် ပုဂ္ဂလိကစာသင်ကျောင်းများ အကြမ်းဖျင်းအားဖြင့် ၁၂၀ဝ၀ဝ ယာယီ ပိတ်ထားခဲ့ရပြီး ကျောင်းသားဦးရေ ၅၄ ဒသမ ၅ သန်း ထိခိုက်ခဲ့ကြောင်း အမေရိကန်ပညာရေး မဂ္ဂဇင်းက ခန့်မှန်းထားသည်။

 

နယူးယောက်၊ ကယ်လီဖိုးနီးယားနှင့် အခြားပြည်နယ် ၁၀ ခုတွင် ရဲတပ်ဖွဲ့၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် စူပါမားကတ် ဝန်ထမ်းများမှတစ်ပါး အလုပ်သမားများအားလုံး နေအိမ်မှ အလုပ်လုပ်ကြရန် ယမန်နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

 

မက်ဆာချူးဆက် အပါအဝင် အခြား ပြည်နယ် ခြောက်ခုတွင် အလားတူ စီမံချက်များကို ဗုဒ္ဓဟူးနေ့တွင် အကောင်အထည်ဖော်မည်ဟု မျှော်လင့်ရသည်ဟု အေဘီစီ သတင်းဌာနက ဆိုသည်။

 

အမေရိကန်တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်မှာ ယမန်နေ့ကအထိ ၄၁၀ဝ၀ ကျော်ရှိကြောင်း၊ တရုတ်နှင့် အီတလီနိုင်ငံတို့ပြီးလျှင် တတိယမြောက် ကူးစက်မှု အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို