ဗိုလ်တထောင် ၁၉ မေ
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် Plan International Myanmar အဖွဲ့မှ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည့်နေရာများ၌ သုံးစွဲနိုင်ရန် ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သုံး ပစ္စည်းများကို ယနေ့နံနက် (၁၁:၃၀)နာရီတွင် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက လက်ခံရယူခဲ့ကြပါသည်။
လှူဒါန်းပစ္စည်းများမှာ ရာဘာလက်အိတ်အခု ၁၀ဝ၀၊ surgical mask ၁၆ ဗူး၊ ပိုးသတ်ဆေးဗူး ၅၀ ၊ ဆပ်ပြာရည်ဘူး ၂၀ ၊ ပိုးသတ်ဆေးကျောပိုးအိတ် ၅ အိတ်၊ လက်သန့်ဆေးရည် ၁၅ ပုံး၊ PPE ဝတ်စုံ ၂၀၊ အပူချိန်တိုင်းကိရိယာ ၃ ခု၊ Medical face shield အခု ၂၀၊ ဆပ်ပြာ အတုံး ၄၀ နှင့် လက်ဆေးဘေစင် ၂၀ စုစုပေါင်း ပစ္စည်း (၁၂) မျိုး လှူဒါန်းခဲ့ကြောင်း သိရသည်။
ခိုင်ဇင်(ပြန်/ဆက်)


