ကောလင်း ၃၀ မတ်
စစ်ကိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုအဖွဲ့သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဦးညွန့်ရင်နှင့် ဇနီး ဒေါ်ခင်ကြွေ (ရွှေအောင်ဟိန်းထက် စက်သုံးဆီရောင်းဝယ်ရေး)မှ အလှူငွေကျပ် ၅ သိန်း၊ ဒေါ်အေးအေးယဉ်(မန္တလေး)မှ အလှူငွေကျပ် ၅ သိန်း၊ ကိုအောင်သူဖြိုးနှင့် ဇနီး မစန်းစန်းသင်း (ကျော်ဇေယျာ) ကျပ် ၅၀၀၀၀၊ ဒု-ရဲအုပ် ဇင်ဘိုဘိုကျော်မှ ၁ သိန်းကျပ်၊ ဉီးမြင့်နှင့် ဇနီး ဒေါ်ခင်ခင်အေးမှ ကျပ် ၅၀၀၀၀၊ ဉီးဖိုးထွန်းနှင့်ဇနီး ဒေါ်ဝါဝါနွယ် (ဆေးသုတ်လုပ်ငန်း)မှ Mask ၇၀၊ ဒေါ်စိန်စိန် မိသားစုမှ ၁ သိန်းကျပ်၊ ဒေါ်ထွေးမေ မိသားစုမှ လက်ဆေးဆပ်ပြာ ၄၅ ခဲ၊ အရှင်ဇယန္တတ (မြစင်္ကြာကျောင်းတိုက်)မှ ကျပ် ၅၀၀၀၀၊ ဦးဝင်းဇော်ထူးနှင့်ဇနီး ဒေါ်စိုးစန္ဒာထွန်းမှ Mask ၂၂၅ ခု၊ ကျွန်ကလုံး (စုပေါင်းအလှူအဖွဲ့)မှ ကျပ် ၅၀၀၀၀ စုစုပေါင်း ၁၅၃၅၀၀၀ ကျပ်တို့ကို အလှူရှင်များကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးတင့်နိုင်ဝင်းမှ ပေးအပ်ပြီး အထောက်အကူပြုအဖွဲ့ ဉီးစန်းအောင်က လက်ခံရယူခဲ့သည်။
Covid-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုအဖွဲ့သို့ မတ် ၃၀ ရက် နံနက်ပိုင်းအထိ ပြည်သူများ လှူဒါန်းထားသည့် အလှူငွေကျပ် ၆၁၉၅၀၀၀ လှူဒါန်းထားကြောင်း ရောဂါကာကွယ်ရေး အထောက်အကူပြုအဖွဲ့ ဆရာကြီး ဉီးကျော်စိုးထံမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


