၁၁ ဇွန်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု တရုတ်ဆေးဝါး ပစ္စည်းများ လစ်ဗျားနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့က ပြောကြားခဲ့သည်။
တူနီးရှားနိုင်ငံ တူနိ-ကတ်တေ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ဆေးဝါး အထောက်အကူပြု ပစ္စည်းများ ရောက်ရှိခဲ့ပြီး ရက်အနည်းငယ်အတွင်း လစ်ဗျားနိုင်ငံသို့ ပို့ဆောင်ဖွယ်ရှိကြောင်း ထိုသံရုံး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အထောက်အကူပြု ဆေးဝါးများတွင် နျူကလစ်အက်ဆစ် ရောဂါရှာဖွေရေးပစ္စည်း ၈၃၄ ခု၊ N95 နှာခေါင်းစည်း ၁၅၀ဝ၀၊ ဆေးဘက်ဆိုင်ရာ အကာအကွယ်ဝတ်စုံ ၅၀ဝ၀၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၀ဝ၀ဝ၀၊ အကာအကွယ်မျက်မှန် ၅၀ဝ၀နှင့် ဆေးဘက်ဆိုင်ရာလက်အိတ် ၅၀ဝ၀ တို့ ပါဝင်သည်ဟု ၎င်းသံရုံးကဆိုသည်။
လစ်ဗျားအမျိုးသား ရောဂါထိန်းချုပ်ရေး ဗဟိုဌာန၏ ပြောကြားချက်အရ လစ်ဗျားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅၉ ဦး၊ ကျန်းမာရေးကောင်းမွန်လာသူ ၅၈ ဦးနှင့် သေဆုံးသူ ငါးဦး ရှိသည်ဟု သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် လစ်ဗျားအာဏာပိုင်များသည် ညမထွက်ရ အမိန့်ချမှတ်ခြင်း၊ လူအများစုဝေးကို တားမြစ်ခြင်း၊ ဗလီကျောင်းနှင့် စာသင်ကျောင်းများ၊ နိုင်ငံနယ်နိမိတ်များ ပိတ်ထားခဲ့သည်။
လစ်ဗျားနိုင်ငံတွင် ကိုဗစ်-၁၉ ပထမဆုံးကူးစက်မှုမှာ မတ်လတွင် ဖြစ်ပွားပြီး ရောဂါကူးစက်မှုကြောင့် ပထမဆုံး သေဆုံးမှုသည် ဧပြီလတွင် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို