လှိုင်းဘွဲ   ၂၁    မတ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန်အဆုတ်ရောင် ရောဂါကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများနှင့်စာစောင်များကို ပြသဆောင်ရွက်ထားလျက်ရှိသည်။

 

‌ေ

 

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန်အဆုတ်ရောင် ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများအား ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားလျက်ရှိကြောင်း သိရှိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)