ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ်၌ Facility Quarantine နေရာ(၇)ခု ပြင်ဆင်ထားရှိ

ညောင်ရွှေ  ၃   ဧပြီ            

             

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအတွက် ညောင်ရွှေမြို့နယ်၌ Facility Quarantine ထားရှိရန် နေရာ(၇)ခုတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

           

ညောင်ရွှေမြို့နယ် ကိုဗစ် − ၁၉ အဆုတ်ရောင်ရောဂါ စောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီသည် မြို့နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတလူငယ်များ၊ စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်း၍ အထက(၁) ညောင်ရွှေ၊ သက်မွေး ပညာသင်တန်းကျောင်း၊ ခေတ်ဆန်းယဉ် (ပိုးထည်) အဆောက်အဦ၊ အထက စံကား၊ အထက ဟဲယာရွာမ၊ အထက အင်းတိန်နှင့် မြို့နယ်အားကစားရုံတို့တွင် Facility Quarantine နေရာများ စီစဉ်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း၊ အဆိုပါ နေရာ (၇)ခုတွင် ခန့်မှန်းဝင်ဆံ့ဦးရေ (၄၈၄)ဦးခန့် ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးသူရိန်