၃၀ စက်တင်ဘာ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ပထမလှိုင်းအပြီးမှာ အီတလီမြောက်ပိုင်းရှိ စောင့်ရှောက်ရေး ဂေဟာလုပ်သား တစ်ဝက်နီးပါးဟာ စိတ်ဒဏ်ရာ ရရှိကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့) ထုတ်ပြန်တဲ့ သုတေသန စာတမ်းအရ သိရပါတယ်။

 

ဉရောပမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်ရာ အီတလီမြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတွေဟာ ဗိုင်းရပ်စ်ပိုးဒဏ်ခံရတဲ့ နေရာဖြစ်ခဲ့ပါတယ်။

 

စောင့်ရှောက်ရေးဂေဟာတွေမှာ အလုပ်လုပ်ကိုင်တဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်တွေကိုသာ အဓိကထားတာတွေ့ရပြီး သူနာပြု၊ သန့်ရှင်းရေးသမားနဲ့ ချက်ပြုတ်ရေးသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လျစ်လျူရှုခံရတာမျိုး တွေ့ရကြောင်း သုတေသန စာတမ်းမှာ တွေ့ရှိရပါတယ်။

 

mdn

 

အီတလီနဲ့ ဗြိတိန်နိုင်ငံက သုတေသန ပညာရှင်တွေက စောင့်ရှောက်ရေး ဂေဟာတွေမှာ အလုပ်လုပ်ကိုင်တဲ့ လုပ်သားပေါင်း ,၀၀၀ ကျော်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို  သုတေသန လုပ်ဆောင်ပြီး ထုတ်ပြန်ချက် ထုတ်ခဲ့တာဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမလှိုင်း ဖြစ်ပွားနေချိန်မှာ အသက်အရွယ်ကြီးသူနဲ့ နာမကျန်းဖြစ်နေတဲ့ ဂေဟာနေထိုင်သူတွေကို စောင့်ရှောက်ရေး လုပ်ကိုင်ခဲ့ရတဲ့  လုပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လေ့လာရာတွင် ၄၃ ရာခိုင်နှုန်းမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရှိနေကြောင်း တွေ့ရှိရပါတယ်။

 

စောက်ရှောက်ရေးဂေဟာ လုပ်သားတွေဟာ တခြားသော ကျန်းမာရေးလုပ်သားတွေနဲ့ မတူဘဲ ဂေဟာနေထိုင်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ နီးကပ်မှုရှိတာကို တွေ့ရပါတယ်။ ဂေဟာနေထိုင်သူ အဘိုးအဘွားတွေ နေထိုင်မကောင်းခြင်းနဲ့ သေဆုံးခြင်းတွေကို စိတ်ပိုင်းဆိုင်ရာ ခံစားရသလို  ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အဘိုးအဘွားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို  သက်ဆိုင်ရာ ဆွေမျိုးသားခြင်းတွေဆီ သတင်းပေးရတဲ့အတွက် စိတ်ခံစားမှုတွေရှိပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိကြတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP