၁၀ စက်တင်ဘာ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ကိုးသိန်းကျော်သွားကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၈,၀၂၅,၄၈၂ ဦး ရှိပြီး သေဆုံးသူဟာ ၉၀၈,၀၀၂ ဦးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး သတင်းအမှန် မပေးခဲ့ဘူးဆိုတာကို ပေါ်ပေါက်နေတဲ့အတွက် သမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး အဲဒီနောက်မှာ ဘရာဇီးနိုင်ငံရှိနေတာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၈၉,၆၉၈ ဦး၊ ဘရာဇီးနိုင်ငံမှာ ၁၂၇,၄၆၄ ဦး ၊ အိန္ဒိယ နိုင်ငံမှာ ၇၃,၈၉၀ ဦး၊ မက်ဆီကို နိုင်ငံမှာ ၆၈,၄၈၄ ဦး နဲ့ ဗြိတိန်နိုင်ငံမှာ ၄၁,၅၈၆ ဦး သေဆုံးကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။
လက်တင်အမေရိကနဲ့ ကရစ်ဘီယန်နိုင်ငံတွေမှာ သေဆုံးသူ ၃၀၀,၀၀၀ ကျော် သေဆုံးနေတာကိုလည်း တွေ့ရပါတယ်။
MDN
ကိုးကား- AF