၁၀ ဇွန်
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် မက္ကဆီကိုနိုင်ငံသား ၁,၂၀၀ သေဆုံးကြောင်းနဲ့ တခြားနိုင်ငံတွေမှာ မက္ကဆီကို နိုင်ငံသား နောက်ထပ် ၁၂ ဦး သေဆုံးကြောင်း မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၂၀၀ ရဲ့ တစ်ဝက်ကျော်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မှာ ဖြစ်ပြီး ကနေဒါနိုင်ငံမှာ ၅ ဦး သေဆုံးကြောင်း ရှင်းပြပါတယ်။
ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ နယ်စပ်တွေ ပိတ်ပင်ထားတဲ့အတွက် ဉရောပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မက္ကဆီကို နိုင်ငံသား ၄,၀၀၀ အပါအဝင် စုစုပေါင်း ၁၄,၆၀၀ နိုင်ငံကို ပြန်လည်ခေါ်ယူ ခဲ့ရကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။
မက္ကဆီကိုနိုင်ငံဖွား လူဦးရေ ၁၂ သန်းနီးပါးဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တာဖြစ်ပြီး ဒုတိယနဲ့ တတိယမျိုးဆက်တွေဖြစ်တဲ့ မက္ကဆီကို ၂၆ သန်းဟာလည်း အမေရိကန်နိုင်ငံမှာ နေထိုင်တာကို တွေ့ရပါတယ်။
လူဦးရေ ၁၂၇ သန်းရှိတဲ့ မက္ကဆီကိုနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၂၀,၀၀၀ ရှိပြီး သေဆုံးသူ ၁၄,၀၀၀ ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ချက်တွေအရ သိပါတယ်။
MDN
ကိုးကား - AFP