၄ မေ

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့၏ ဓာတ်ခွဲခန်းမှ  စတင်တွေ့ရှိခဲ့သည့်ဆိုသည် အချက်ကို သက်သေပြရန် ကြီးမားသည့် အထောက်အထားများရှိကြောင်း အမေရိကန်အစိုးရက ပြောကြားလိုက်သည်။

 

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းက ထွက်ပေါ်လာသည့်အချက်မှာ ထင်ရှားကြောင်း တနင်္ဂနွေနေ့က ABC သတင်းဌာနနှင့် တွေ့ဆုံသည့် အစီအစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံကမူ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 

တရုတ်နိုင်ငံ၏ စံချန်စံညွှန်းမပြည့်မီသည့် စမ်းသပ်မှုများကြောင့် ကမ္ဘာကြီးမှာ ဗိုင်းရပ်စ်ကူးစက် ခံရခြင်းဖြစ်ပြီး ဗိုင်းရပ်စ်များ ကူးစက်ခံရခြင်းမှာလည်း ပထမဆုံးအကြိမ်မဟုတ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်၊

 

ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောကြားချက်များနှင့် အတူ ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်များ ကူးစက်ခံရခြင်းဖြစ်ကြောင်း ယုံကြည်ကြောင်းနှင့် သက်သေ အထောက်များလည်းရှိကြောင်း ပွန်ပီယိုက ပြောဆိုခဲ့သည်။

 

သို့သော်လည်း ထရန့်မှ ပွန်ပီယိုကို အထောက်အထားများ မပေးခဲ့ပေ။

 

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး  ထောက်လှမ်းရေးအသိုင်းအဝိုင်းက စွပ်စွဲချက်များ မှန်ကန်သည်ဟု အတည်ပြုရန် ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုကို ဖုံးကွယ်ရန်အတွက် တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို လက်နက်အဖြစ် အသုံးချခဲ့ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တာဝန်ခံရမည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဩစတြေးလျနိုင်ငံကလည်း အဆိုပါ ကပ်ရောဂါနှင့်ပတ်သက်ပြီး လူနှင့် စီးပွားရေးများမှာ အဆိုးရွားဆုံး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် တရုတ်နိုင်ငံအား ပြစ်တင်ဝေဖန်ရန် သဘောတူကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 

ဥရောပနိုင်ငံများမှလည်း အလာတူ အမြင်းမျိုး ဖြစ်ပေါ်နေကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်