ကော့မှူး နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြိး ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အလယ်တန်းအထက်တန်းကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac ) ပထမအကြိမ်ဆက်လက်ထိုး နှံပေးခြင်းကိုယနေနံနက်ကပိုင်းက အခြေခံပညာ အထက်တန်းကျောင်း( ခွဲ)အ.ထ.က ကိုးထောင်၌ဆက်လက်ထိုးနှံပေးနေကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား/ ကျောင်းသူများအားကျန်းမာရေးဝန်ထမ်းများ နှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား / ကျောင်းသူများ ၏ မိဘအုပ်ထိန်းသူခွင့်ပြုချက်ရယူခြင်း ၊ စာရင်းရေးသွင်းခြင်း ၊ အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ ပြုလုပ်ပြီးမှကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးကြပြီး ဆေးထိုးပြီးကျောင်းသား / ကျောင်းသူများအားမိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေးကြသည်။ အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ က အင်တိုက်အားတိုက်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပညာသင် ကြားလျက်ရှိသည့် ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ကြပါစို့ ဆောင်ပုဒ်နှင့်အညီအသက်(၁၂)နှစ်အထက်အလယ်တန်း၊အထက်တန်း ရှိဆေးထိုးရန်ကျန်ရှိနေသေးသော ကျောင်းသားကျောင်းသူများကို သတ်မှတ်စုရပ်နေရာများ၌ ထိုးနှံပေးနေကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန မှသိရသည်။
ကျော်သူရ (ကော့မှူး)


