၁၈ ဇူလိုင်

 

ဂျပန်နိုင်ငံ ကျိုတိုမြို့အနောက်မြောက်ပိုင်း စတူဒီယိုတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ မီဒီယာက ယနေ့ ဖော်ပြခဲ့သည်။  မီးလောင်မှုအတွင်း ၁၀ဦးမှာ အခြေအနေမသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 

 

ယနေ့ နံနက် ၁၀နာရီ မိနစ်၃၀အချိန်ခန့်တွင် ကျိုတိုရှိ ကာတွန်းစတူဒီယိုတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးလောင်မှုဖြစ်ရာအနီးမှ လူများက ပြောသည်။ မီးခိုးငွေ့များကို ၄င်းတို့ မြင်တွေ့ရပြီးနောက် ပေါက်ကွဲသံများကို ၄င်းတို့က ကြားသိခဲ့ရသည်ဟု ဆိုသည်။ 

 

မီးသတ်သမားများမှ မီးများကို ငြှိမ်းသတ်လျက်ရှိခြင်းကြောင့် အခြားအနီးနားရှိ အိမ်များကို မီးကူးစက်မှု မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ စတူဒီယိုအနီးပတ်ဝန်းကျင်ကို  လူတစ်ဦးမှ ဓာတ်ဆီများသွန်းလောင်းပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အဆိုပါပုဂ္ဂိုလ်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 
 
ယူဂျီမြို့တွင် အဆိုပါကုမ္ပဏီကို ၁၉၈၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ကျိုတိုကာတွန်းဝက်ဆိုက် က ပြောကြားခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်