ကျိုတို၊ ဇန်နဝါရီ ၂၆
ကျိုတို၏နာမည်ကျော် ကာတွန်းရုပ်ရှင် စတူဒီယိုတစ်ခုတွင် ဝန်ထမ်း ၃၆ ဦးကို သေဆုံးစေခဲ့သည့် မီးရှို့တိုက်ခိုက်မှုဖြင့် အမျိုးသားတစ်ဦးကို ဂျပန်တရားရုံးက သေဒဏ်စီရင်ချက်ချခဲ့သည်။ အဆိုပါအမှုသည် ပြစ်မှုဆိုင်ရာတရားစီရင်မှုတွင် ဆယ်စုနှစ်သုံးစုကျော် ကာလအတွင်း လူသေဆုံးမှု အများဆုံးဖြင့် စံချိန်တင်ခဲ့သည်။
ဥပဒေစုံစမ်းစစ်ဆေးရေးအရာရှိများက ၂၀၁၉ ခုနှစ် ဇူလိုင်လက ကျိုတိုကာတွန်းရုပ်ရှင်စတူဒီယိုကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သည့် အာအိုဘာရှင်ဂျီကို နောက်ပိုင်းတွင် လူသတ်မှု၊ မီးရှို့မှုများဖြင့် တရားစွဲခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၃၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ကျိုတိုခရိုင်တရားရုံးက အာအို ဘာရှင်ဂျီတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည့်အတွက် ယခုလိုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက အာအိုဘာရှင်ဂျီတွင် စိတ်ဖောက်ပြန်ရူးသွပ်မှုမရှိသလို အမှားအမှန် ဆုံးဖြတ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ အာအိုဘာသည် ကျိုတိုကာတွန်းရုပ်ရှင် စတူဒီယိုကို ပုဂ္ဂိုလ်ရေး ခံစားချက်ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
တရားခံရှေ့နေများက အာဘိုဘာသည် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုကို ခံစားနေခဲ့ရသည်ဟုဆိုကာ ပြစ်မှုဆိုင်ရာ တာဝန်ခံနိုင်စွမ်းမရှိကြောင်း ပြောခဲ့သည်။
အင်န်အိတ်ချ်ကေ