ခင်ဦး   ၈   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့ မြကန်သာရပ်ရှိ မြန်မာ့မီးရထား၊   ကြိုတင်အားဖြည့် ကွန်ကရစ် ဇလီဖားစက်ရုံ (ခင်ဦး)မှ တစ်နှစ်လျှင် ဇလီဖားတုံး (၂) သိန်းကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ဇလီဖားစက်ရုံ(ခင်ဦး)ကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံ အလုပ်သမား များဖြင့် ဆောင်ရွက်နေသဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့သည်။ ယနေ့အချိန်တွင် JICA  ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် လိုအပ်သော ကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖားတုံးများကို ထုတ်လုပ်လျက်ရှိသည်။

 

ဇလီဖားစက်ရုံကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၇ ရက်ထိ စက်ရုံကို ခေတ္တယာယီရပ်နားခဲ့ပြီး မေလ ၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက်အရ စက်ရုံကို ပြန်လည်ဖွင့်လှစ်ပြီး ကြိုတင်အားဖြည့်ကွန်ကရစ် ဇလီဖားတုံးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)