ရေစကြို ၁၈ စက်တင်ဘာ
ရေစကြိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီက ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချင်းတွင်းရေမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ နွယ်နီကျေးရွာအုပ်စု နွယ်နီကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု ချင်းယားကျေးရွာတို့တွင် ကြိုတင်ပြောင်းရွှေ့နေအိမ် ၄၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ၄၄၀ဝ၀ဝ၀ နှင့် ဘေးသင့်အိမ်ထောင်စု ၄၈ စုမှ လူဦးရေ ၂၁၀ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ ကျပ် ၄၄၁၀ဝ၀ တို့အား ရေစကြိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နွယ်နွယ်အောင်
ရေစကြို ပြန်/ဆက်


