မိုးမြင့်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BNP(Bangladesh Nationalist Party) ဟာ ၃ -၉ -၂၀၂၃ ရက်နေ့က Rhohingya Crisis and  Repatria- tion  Seminor ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ သူတို့အခေါ် ရိုဟင်ဂျာ ( ယခုဆောင်းပါးမှာတော့ တရားမဝင်အခေါ်  ရိုဟင်ဂျာအစား တရားဝင်အမည် ဘင်္ဂါလီလို့ပဲ တောက်လျှောက်ရေးသားသုံးစွဲသွားပါ့မယ်) အကျပ်အတည်းနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး အဆိုပြုချက် ၁၆ ချက်နဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတစ်ခုမှာ ဖော်ပြပါရှိတာကို ဖတ်ရှုလိုက်ရပါတယ်။

 

ဖန်တီးနေကျနိုင်ငံရေးကစားကွက်တစ်ခုသာ 

 

ဆိုရရင် BNP ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကို လက်ရှိဦးဆောင်နေတဲ့ ရှိတ်ဟာစီနာရဲ့ အဝါမီလိဂ် ပါတီကို အတိုက်အခံ လုပ်နေတဲ့ပါတီပါ။ လာမယ့် ရွေးကောက်ပွဲမှာ အဝါမီလိဂ်ကို အနိုင်ယူပြီး လက်ရှိအာဏာရပါတီ အင်အားနည်းသွားစေဖို့ ဖန်တီးနေကျ နိုင်ငံရေးကစားကွက်တစ်ခုထက် မပိုဘူးလို့လည်း ယူဆမိပါတယ်။

 

မြန်မာနိုင်ငံသမိုင်းမှာမရှိတဲ့ လူမျိုးအရေးကို သူ့ပြည်တွင်း နိုင်ငံရေးထဲ ဆွဲသွင်းဖို့ ကြံစည်နေခြင်း ဖြစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး လက်ရှိရှိတ်ဟာစီနာအစိုးရကိုရောမြန်မာနဲ့ ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံအစိုးရတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေအပေါ်မှာပါ ဝေဖန်တိုက်ခိုက်ချင်ပုံရပါတယ်။ BNP အတိုက်အခံတွေဟာ သူတို့သာအာဏာရလာရင် ဘင်္ဂါလီအရေးကို နိုင်ငံရဲ့ အမျိုးသားရေးတစ်ရပ်နဲ့‌ရော အရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒတစ်ရပ်အနေနဲ့ပါ ပုံဖော်သွားမယ်ဆိုတာကို အခုကတည်းက လေသံပစ်နေခြင်း ဖြစ်ပါတယ်။

 

သူတို့က ယခုလိုရှုပ်ထွေးပွေလီနေတဲ့ အရှုပ်အထွေးကြီးအတွက် အပြုသဘောမဆောင်တဲ့ အဖြေတစ်ခုကို မရမက ထုတ်ချင်နေပုံရပါတယ်။ ဒါပေမယ့် အစဉ်အဆက်နိုင်ငံရေး ပယောဂတွေပါပြီး လူမျိုးရေးနဲ့ ဘာသာရေးဦးစားပေး အစွန်းရောက် အယူအဆတွေနဲ့အဖြစ်မှန်ကို အခြေမခံ၊ သတင်းမှားတွေအပေါ်မှာသာ အခြေခံထားတဲ့ အဖြေဟာ အစစ်အမှန်ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ဘဲ မြင်ပါတယ်။ ရှင်းရှင်း လေးပါ။ မမှန်ကန်တဲ့ လူမျိုးတုန်း ရှင်းလင်းရေး တစ်ဖက်သတ်ရပ်တည်ချက်ကို ကိုင်စွဲနေသရွေ့ ဘယ်တော့မှ အဖြေမှန်မထွက်နိုင်ဘူးဆိုတာ။

 

မြန်မာဘက်က အပြုသဘောရပ်တည်ချက်ရှိပြီးဖြစ်

 

မြန်မာနိုင်ငံတော်အစိုးရနဲ့ မြန်မာဘက်က ဆောင်ရွက်ချက်တွေအပေါ် သူတို့တွေရဲ့ တုံ့ပြန်ပုံနဲ့ သဘောထားတွေဟာ အမြဲလိုလို မှန်ကန်ခြင်းမရှိခဲ့ပါဘူး။ ဘင်္ဂါလီတွေကို သတ်တယ်။ သားမယား ပြုကျင့်တယ်။ ရွာလုံးကျွတ်မီးရှို့တယ်။ ပြန်ပေးဆွဲ ခြိမ်းခြောက်တယ် စတဲ့အခြေအမြစ်မရှိ စွပ်စွဲချက်တွေ ထုတ်လွှင့်ပြီး ဘင်္ဂါလီတွေကို ဒုက္ခသည်တွေအဖြစ် ဖန်တီး၊ မျောက်ပြဆန်တောင်း ဘဝအရောက်ခံရတဲ့ ဘင်္ဂါလီတွေဟာ ထိုးကျွေးခံနေရခြင်းသာ ဖြစ်တယ်လို့ ပြောရမှာဖြစ်တယ်။

 

မြန်မာဘက်ကတော့ ပြန်လည်ခေါ်ယူမယ့် အထောက်အထားခိုင်လုံတဲ့ ဘင်္ဂါလီအရေအတွက်ကို သတ်မှတ်ပြီး ဖြစ်တဲ့အတွက် အပြုသဘောဆောင်ပါတယ်။ ဘင်္ဂါလီ ၁၁၇၆ ဦးကို ပြန်လည်ခေါ်ယူပြီး မောင်တောမှာ နေရာချပေးသွားမယ့် အစီအစဉ်ရှိပြီး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘင်္ဂါလီဒုက္ခသည်တွေအတွက် နိုင်ငံတကာ အလှူငွေတွေကို မျက်စိကျနေဖွယ်ရှိနေတဲ့ BNP က မြန်မာဘက်က ထိုဆောင်ရွက်ချက်ကို ထောင်ချောက်တစ်ခုဖြစ်တယ်လို့ သဘောထားနေခြင်းဟာ အဆိုးမြင်သက်သက်ပဲလို့ပဲ မှတ်ယူရပါလိမ့်မယ်။

 

ရိုးသားမှုမရှိ မဖြောင့်မတ်သော

 

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲတဲ့ကိစ္စ၊ စကတည်းက တရားမစွဲသင့်တဲ့ကိစ္စကို တရားမစွဲသင့်ကြောင်း ကန့်ကွက်လွှာ တင်သွင်းခဲ့ပြီးဖြစ်တယ်။ တရားစွဲခဲ့တဲ့ အာဖရိကမှ ဂမ်ဘီယာဟာ မြန်မာမှာဖြစ်ခဲ့တဲ့ ဘင်္ဂါလီအရေးအခင်းနဲ့ ပတ်သက်ပြီး ကိုယ်ကျိုးစီးပွား ထိခိုက်တဲ့နိုင်ငံလည်း မဟုတ်ပါဘူး။ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နောက်ကွယ်က ခိုင်းတဲ့အတိုင်းလုပ်ရတဲ့ ခိုင်းဖတ်သာသာရဲ့ တရားစွဲတဲ့ ကိစ္စကို ICJ က လက်ခံခဲ့ကတည်းက သူ့စည်းသူ့ကမ်း၊ သူ့ articles တွေကို ကိုယ်တိုင် ချိုးဖောက် ခဲ့တဲ့ ICJ ဖြစ်သွားပါပြီ။

 

အတိုက်အခံ BNP ပါတီရဲ့ အဆိုပြုချက် ၁၆ ချက်ထဲမှာ မြန်မာနိုင်ငံ အနောက်ဘက်ကို ARSA ဦးဆောင်ပြီး ဘင်တွေစနစ်တကျနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျူးကျော်တိုက်ခိုက်ခံခဲ့ရတဲ့ နယ်မြေရဲစခန်း ၃၀ ကျော်ရဲ့ အချုပ်အခြာချိုးဖောက် ခံရတဲ့ ဖြစ်အင်တွေ၊ တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှု ချိုးဖောက်ခံနေရဆဲ ဖြစ်တဲ့ ရခိုင်နဲ့ ဟိန္ဒူ၊ မြို ၊ ခမီ ၊ ဒိုင်းနက်မျိုးနွယ်စုတွေရဲ့ ဆိုးဆိုးရွားရွား အဖြစ်သနစ်တွေကို ဘာတစ်ခုမှ မဖော်ပြခဲ့ခြင်းဟာ ရိုးသားမှုမရှိ၊ ကောက်ကျစ်တဲ့ BNP ရဲ့ သရုပ်သကန်ပါပဲ။

 

ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းမှာ ရွေးကောက်ပွဲတိုင်းရှုံးနိမ့်၊ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ ၁၃ ရာခိုင်နှုန်းသာ မဲရခဲ့ပြီး ပါလီမန်မှာ ခုနစ်နေရာသာ ရရှိခဲ့ခြင်းဟာ မထူးဆန်း သလိုဖြစ်နေပါတယ်၊၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး သမိုင်း မှာ အစဉ်အလာကြီးမားခဲ့တဲ့ အတိုက်အခံပါတီကြီး တစ်ခုလို့ ပြောဆိုသတ်မှတ်ရလောက်အောင်ကို အခွင့်အလမ်းမရှိတဲ့ ပါတီတစ်ခုအဖြစ် မှတ်ယူပါတယ်။

 

တစ်ကျိတ်တည်းတစ်ဉာဏ်တည်း မီးမွှေးမယ့်စနက်တံ

 

ယခုလို မမှန်မကန်အချက်တွေက သိပ်ကိုလူသားဆန်ပါတယ်။ လစ်ဘရယ်ဆန်ပြီး လူ့အခွင့်အရေးကို ရှေ့တန်းတင်ပါတယ်ဆိုတဲ့ ကမ္ဘာ့နိုင်ငံ တချို့နဲ့ အာဆီယံကို စည်းရုံးဖို့ ကြိုးစားလာခြင်းဟာ ကမ္ဘာကြီးကို အကွဲကွဲအပြားပြားဖြစ်အောင်နဲ့ အာဆီယံကိုလည်း ညီညွတ်မှုပြိုကွဲအောင် လုပ်လိုက်သလို ဖြစ်စေတယ်ဆိုတဲ့ အချက်ကိုတော့ သတိပြုမိဖို့ လိုပါတယ်။

 

၂၀၁၂ ခုနှစ်လောက်ကတည်းက ဘင်အရေးလှုပ်ရှားမှုကို ကြီးထွားလာအောင် ဘင်နိုင်ငံရေးသမားတွေက စခဲ့ကြတာကို အမှတ်ရနေဖို့လိုပါတယ်၊၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘင်သုံးပွင့်ဆိုင်ကြားမှာ လူမျိုးရေးပြဿနာ ဖန်တီးပြီး ကမ္ဘာ့ပြဿနာကြီးဖြစ်လာအောင် လူနည်းစု ဘင်အရေးဆိုပြီး အမြဲဇာတ်နာအောင် လုပ်နေကြသူတွေထဲမှာ ယခုလို BNP ပါဝင်လာခြင်းက သူ့ပါတီအကျိုးစီးပွား နဲ့လည်း ဆက်စပ်နေပါတယ်။

 

ယခုလို ဆွေးနွေးပွဲလုပ်၊ အဆိုပြုချက်များ ထုတ်ပြန်လိုက်ခြင်းဖြင့် BNP ဟာ မြန်မာပြည်သူ တွေကို အမြဲမငြိမ်းချမ်းအောင်လုပ်နေတဲ့ OIC ၊ ဂျော့ဆိုးရော့ဇ်နဲ့ အနောက်အုပ်စု၊ ARU လို့ခေါ်တဲ့ Arakan Rohingya Union ၊ ICG International Crisis Group၊ HRW Human Right Watch တို့နဲ့ တစ်ကျိတ်တည်း တစ်ကြံတည်းဖြစ်ကြောင်း ပြသနေပါပြီ။ မှတ်ထားရမှာက ဘင်တွေဟာ သူတို့ကိုယ်ပိုင်ခွဲထွက်နယ်မြေတစ်ခုကို အသည်းအသန် လိုချင်နေတယ်။ ဖြစ်နိုင်ရင် သီးခြားနိုင်ငံတစ်နိုင်ငံအထိ ထူထောင်ချင်ကြတယ်။ ဒီထက်ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်တစ်ခုလုံးအထိ သိမ်းပိုက်ချင်ကြသူတွေပါ၊၊ ဒါကြောင့်လည်း သမိုင်းမှာ မရှိဘူးတဲ့ “ရိုဆိုတဲ့အမည်ကို ဖန်တီးယူပြီး ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်အသွင်အပြင်ဖြစ်အောင် အတင်းလုပ်ယူ နေခြင်းဖြစ်ပါတယ်။ (ရိုဟင်ဂျာမှသည် အာရကန်ဒေ့ရှ်) ဆိုတာ ဘင်တွေ၊ ဘင်ခေါင်းဆောင်တွေရဲ့ မဟာအိပ်မက်ပါပဲ။ ယခုတစ်ကြိမ် BNP ရဲ့ အဆိုပြုချက် ၁၆ ချက်ဟာ ဘင်တွေရဲ့ နှစ်ရှည်အိပ်မက်ကို အကောင်အထည်ဖော်မယ့် စနက်တံတစ်ခု မီးမွှေးမယ့် အခွင့်အလမ်းတစ်ခုအဖြစ်မြင်ကြဖို့ လိုပါတယ်။

 

သမိုင်းကိုမမေ့ပါနဲ့

 

သူတို့ရဲ့ အဆိုပြုချက်များထဲမှာ Genocide ကိစ္စကြီးက ပါတုန်းပါပဲ။ သူတို့အကွက်ဆင်ပြီး Genocide အတုဖန်တီးလုပ်ယူပြီး မီးမွှေးခဲ့ကြတယ်၊ ဒါနဲ့ပဲရခိုင်ပြည်နယ်ကို ဖျက်ဆီးဖို့ကြံခဲ့ကြတယ်။ လွတ်လပ်ရေး သမိုင်းနဲ့အတူ ဘင်တွေသတ်လို့ သေခဲ့ရတဲ့ ရခိုင်လူမျိုးတွေ၊ ဘင်တွေဖျက်ဆီးလို့ ရာချီပျက်စီးခဲ့ရတဲ့ ရခိုင်ရွာတွေရဲ့သမိုင်းကို အိမ်နီးချင်းနိုင်ငံက BNP သိဖို့လိုသလို ယခုလည်း ရခိုင်လူမျိုးတွေ အသတ်ခံနေရဆဲပဲ ဆိုတာတို့ နိုင်ငံက GenZ နဲ့ တချို့လက်နက်ကိုင်အဖွဲ့တွေလည်း သိထားရမှာ ဖြစ်တယ်။

 

သူတို့ဟာ မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ အမြဲ ကြံစည်နေခဲ့ကြသူတွေသာဖြစ်တယ်။

 

၂၀၁၆ ခုနှစ်အောက်တိုဘာလက မောင်တောနဲ့ ရသေ့တောင်မှာရှိတဲ့ ကျီးကန်းပြင်၊ ငါးခူရနဲ့ ကိုးတန်ကောက် ရဲစခန်းဌာနချုပ်တွေနဲ့ ရဲစခန်းတွေကို ARSA အင်အား ရာနဲ့ချီ တိုက်ခိုက်ခဲ့တဲ့အတွက် လဝကဝန်ထမ်းအပါအဝင် ရဲတပ်ဖွဲ့ ဝင်တွေကျဆုံး ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေ၊ ကိုယ့်ရွာကိုယ်ပြန်မီးရှို့ပြီး ဟိန္ဒူရွာတွေကိုပါမီးရှို့ခဲ့တဲ့ ဘင်တွေရဲ့ စနစ်တကျ လုပ်ကြံဖြစ်စဉ်တွေကို BNP အနေနဲ့ မျက်စိပိတ်၊ နားပိတ်မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။

ဟိန္ဒူဘာသာဝင် အယောက် ၁၀၀ ကျော် အစုလိုက်၊ အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး ဟိန္ဒူအမျိုးသမီးတွေ ဘင်္ဂလားဒေ့ရှ်ထဲခေါ် အတင်းအကျပ်ဘာသာ ပြောင်းခံခဲ့ရတယ်။ Genocide နဲ့ ခွဲထွက်ခွင့်ကို ဆက်စပ်ထားပြီး အဆုံးမှာ ဂျီဟတ်စစ်ပွဲဆင်နွှဲလို့ရတဲ့အထိ ပုံဖော်သွားမယ်လို့လည်း သိထားကြပါတယ်။ ဒါ့အပြင် အကြမ်းဖက်အားပေး အမေရိကန်ရဲ့ Burma Act ကို ကြိုဆိုခြင်းအားဖြင့် BNP ဟာ အကြမ်းဖက်အားပေး ပါတီတစ်ရပ်သာ ဖြစ်နေကြောင်းလည်း သိသာထင်ရှားစေခဲ့ပါပြီ။

 

ကိုယ့်ပြည်တွင်းရေးသာပို၍အာရုံစိုက်သင့်

 

မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီအရေး အပြုသဘော ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သူတို့ဘက်က လက်မခံနိုင်သလို ကျွန်တော်တို့ဘက်ကလည်း သူတို့ရဲ့တစ်ဖက်သတ် စွပ်စွဲချက်တွေအပေါ်မှာ လက်ခံနိုင်ဖွယ်ရာ ရှိမှာ မဟုတ်ပါဘူး။ BNP ရဲ့ အဆိုပြုချက်တွေဟာ မြန်မာနိုင်ငံအစိုးရသာမက တပ်မတော်နဲ့ ပြည်သူကိုပါ စော်ကားလိုက်ခြင်း ဖြစ်သလို အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိုပါ ဝင်ရောက်စွက်ဖက်ခြင်းလည်း ဖြစ်ပါတယ်။

 

နိုင်ငံဂုဏ်သိက္ခာအတွက် မပြောမဖြစ်၊ မဆိုမပြီး မို့ အဖြစ်မှန်ကိုအခြေခံပြီး ကာကွယ်ပြောပြနေရတာ ဖြစ်တယ်၊၊ အမှန်တကယ် နိုင်ငံအာဏာရယူချင်တဲ့ BNP ဟာ သူ့နိုင်ငံ၊ သူ့ပြည်တွင်းရေးကို ပိုပြီးဂရုစိုက်ရမယ့် အခြေအနေမှာ သူ့ပြည်သူတွေအတွက် လုပ်ပေးစရာတွေ အများကြီး ရှိနေတယ်ဆိုတာကို မေ့လျော့နေပုံ ရပါတယ်၊၊

 

လူဦးရေအဆမတန်ပေါက်ကွဲတော့မယ့် အခြေအနေ၊ ဆင်းရဲမှုနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ များပြား လှတဲ့ ရာဇဝတ်မှုခင်း၊ လေလွင့်ကလေးသူငယ်ပြစ်မှုတွေ၊ အဂတိလိုက်စားမှု၊ အာဟာရချို့တဲ့မှုနဲ့ ပြည့်တန်ဆာအမှုတွေ၊ အမျိုးသမီးများအပေါ် တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်မှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ မညီမျှမမျှတမှု၊ မူးယစ်ဆေးစွဲပြဿနာတွေနဲ့ လုံခြုံမှုမရှိ၊ စိတ်ကျစိုးရိမ်ရောဂါပြဿနာတွေ စတဲ့ပြဿနာပေါင်းများစွာကို သူ့နိုင်ငံအတွင်းမှာ ဖြေရှင်းနိုင်ဖို့ အာရုံစိုက်သင့်ပါတယ်။

 

အနည်းဆုံးတော့ စာနာစိတ်ရှိရင် ဘင်္ဂါလီဒုက္ခ သည်စခန်းတွေထဲက မူးယစ်ဆေးဝါးနဲ့ လူကုန်ကူး ပြဿနာလို ရာဇဝတ်မှုတွေကို အရင်ဦးစားပေး ဖြေရှင်းသင့်ပါတယ်။ ဒီလိုအရည်အချင်းတွေကြောင့်လည်း BNP ပါတီရဲ့ နိုင်ငံရေးဟာ ကျရှုံးနိုင်ငံရေး ဖြစ်နေရခြင်းလို့ ယူဆမိပါတယ်။

 

အချုပ်အားဖြင့်တော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို ပျက်စီးစေလိုသူတွေဟာ နိုင်ငံ့အကျိုး မလိုလားသူတွေနဲ့ ပေါင်းပြီး မပျက်ပျက်အောင် မီဒီယာအား၊ ငွေအားပုံအောသုံးပြီး အမြဲချောင်းမြောင်း၊ အမြဲတိုက်ခိုက်နေတယ်ဆိုတာ သတိရှိနေဖို့ပါပဲ၊၊ သူတို့ဟာ မြန်မာနိုင်ငံကို လူမျိုးရေး၊ ဘာသာရေးအရ လွှမ်းမိုးဖို့ အမြဲကြိုးစားနေတယ်ဆိုတာကိုလည်း သတိမပြတ်ဖို့ လိုပါတယ်။ နယ်စပ်မျဉ်းတွေ၊ နယ်ခြားတွေရဲ့ လုံခြုံရေးကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေရတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာလည်း ယုံကြည် နားလည်ပေးဖို့ လိုအပ်ပါတယ်။

 

မြန်မာပြည်သူတွေအနေနဲ့ ဘင်အရေး အဖျက်အမှောင့်တွေကို မိမိတို့နှလုံးသားထဲ ဘယ်တော့မှ အထည့်မခံဘဲ အမှန်ကိုသာမြင်ဖို့ လိုပါကြောင်းနဲ့ အချင်းချင်းညီညီညွတ်ညွတ်နဲ့ အစဉ်အမြဲ သွေးမကွဲတဲ့ နိုင်ငံတော်ဖြစ်နေဖို့သာ လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။