ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ လျှောက်ထားနိုင်

ရန်ကုန် ၁၀  ဧပြီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း (ရန်ကုန်)တွင် အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် (၂၀၁၈-၂၀၁၉) ခုနှစ်၏ ပထမ အပတ်စဉ်အဖြစ် (၁)နှစ်သင်တန်းဖြစ်သော အီလက်ထရွန်နစ် သင်တန်းနှင့် (၃)လ သင်တန်းများ ဖြစ်ကြသော စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက် သင်တန်း၊ ဓါတ်ပုံသင်တန်း၊ ဆံသသင်တန်းနှင့် ကွန်ပျူတာ သင်တန်းများကို မေလ(၁၄) ရက်၌ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါ သင်တန်းများအား တက်ရောက်လိုသူများသည် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းဝင်းအတွင်း၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-ဝ၁-၉၆၆၁၇၁၂၊ ဝ၉-၂၅၀၇၉၇၀၂၁၊ ဝ၉-၄၂၁၀ဝ၃၅၆၀ နှင့် ဝ၉-၉၇၆၀၁၇၉၆၄ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့် ရသူများသည် သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း သင်ထောက်ကူ ပစ္စည်းများ အခမဲ့ထုတ်ပေးမည့်အပြင် အဆောင် နေစားစရိတ်ငြိမ်းဖြစ်ပြီး၊ လစဉ်ထောက်ပံ့ကြေးနှင့် နယ်မှလာရောက်သော သင်တန်းသားများအတွက် အိမ်ပြန်ခရီးစရိတ် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။(သတင်းစဉ်)