နေပြည်တော် ၇ ဩဂုတ် 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ဇူလိုင်လ (၂၀) ရက်နေ့ကနေ ဩဂုတ်လ (၇) ရက်နေ့ အထိ တင်သွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မှရှင်ကထုတ်ပြန်းထားရာမှာ ဩဂုတ်လ (၅) ရက်နေ့ အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားချုပ်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းမှု (၁၂၉၄) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းမှု (၆၁၉) ဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အတွက် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းမှု (၂၂၂၅) ဦးနှင့် တိုင်းရင်းသားလူမျိုးများလွှတ်တော်မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးများလွှတ် တော်ကိုယ်စားလောင်းအမည်စာရင်းတင်သွင်းမှု(၁၄၅)ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော်ကိုယ် စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှု စုစုပေါင်း (4183) ဦးတင်းသွင်းပြီးကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မှရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရှိရသည်။

 

Crd>MRTV