ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အရိပ်တကြည့်ကြည့်စောင့်ကြည့်ခဲ့ရတဲ့ ရင်သွေးလေးကို အကောင်းဆုံးကြီးပြင်းစေချင်တဲ့ဆန္ဒ မေမေဖေဖေတိုင်းမှာရှိမှာပါ။ ဒီဆန္ဒက ပြည့်မြောက်ရင်တော့ တပြုံးပြုံး တပျော်ပျော်ဆိုပေမယ့် မပြည့်မြောက်ခဲ့ရင်တော့ လိုအပ်ချက်ရှိနေတယ်လို့ ခံစားမိတယ်ဟုတ်။ ဒီစိတ်နဲ့ကိုယ့်ကိုကိုယ် တစ်ချိန်လုံးအပြစ်တင်နေတာမမျိုးမဖြစ်စေဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။
ရင်သွေးလေး ရွယ်တူတွေထဲမှာ မညှက်စေဖို့
ရင်သွေးလေးကို အခြားကလေးတွေနည်းတူ ကျန်းမာဖွံ့ဖြိုးစေချင်ပေမယ့် ကလေးက အခြားကလေး တွေလောက် မကျန်းမာဘူး။ ညှက်နေတယ်ဆိုတာမျိုး မဖြစ်စေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာ အသေအချာပါ။ ဘာတွေလုပ်ပေးရမလဲဆိုတာကို တူတူကြည့်လိုက်ရအောင်နော်။
ပြည့်ဝတဲ့ အိပ်စက်ချိန်ထားပါ- အိပ်ချိန်ပြည့်ဝတာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအရွယ်ကနေစပြီး အရွယ်ရောက်လာတဲ့အထိ ကလေးကို တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီရှိအောင် ထားပေးပါ။
အာဟာရပြည့်ဝအောင်ကျွေးပါ – ကလေးကို နေ့တိုင်း အစားအစာပြင်ဆင်ပေးတဲ့အခါ အာဟာရပြည့်ဝအောင်ဂရုစိုက်ပါ။ ထမင်း၊ အသား၊ ငါး၊ အသီးအရွက်တွေကို လုံလောက်ပြည့်ဝအောင် ပြင်ဆင်ပေးပါ။ ဒီလိုပြင်ဆင်ပေးတာက ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစွာရရှိစေမှာဖြစ်ပါတယ်။
နို့တိုက်ပေးပါ – အရိုးတွေကိုသန်မာစေနိုင်တဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလို ဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။
ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင် ထုတ်လုပ်ထားတဲ့ နို့မျိုးကို ရှာဖွေနေတယ်ဆိုရင် Bolt Malted Milk ရှိပါတယ်။ ဖျော်စပ်ရလွယ်ကူတဲ့အမှုန့်ပုံစံနဲ့ရှိသလို အသင့်ဖျော်စပ်ထားပြီး ဘူးလေးကိုလှုပ်လိုက်တာနဲ့ အလွယ်တကူသောက်လို့ရတဲ့ အသင့်သောက်ဘူးလေး တွေပုံစံမျိုးနဲ့လည်း ရရှိနိုင်လို့ အဆာလည်းပြေ အာဟာရလည်းပြည့်ဝတဲ့ စားစရာတစ်ခုအဖြစ် ကလေးတွေ အကြိုက်တွေ့စေမှာပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ – ကလေးကို ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်စေတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်လက် လှုပ်ရှားမှုတွေ ပုံမှန်လုပ်ဖြစ်အောင် သေချာလေးဂရုစိုက်ပြီးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကျန်းမာစေနိုင်သလို ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
စိတ်ဖိစီးမှုကင်းအောင်ထားပါ – ကလေးပဲ ပူစရာမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ကလေးတွေမှာလည်း စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေရှိနေနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုမှာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အကောင်းဆုံးဖွံ့ဖြိုးစေဖို့ဆိုရင် ကလေးကို စိတ်ညစ်စေမယ့်အရာတွေ၊ စိတ်ဖိစီးစေမယ့်အရာတွေနဲ့ ကင်းကင်းထားပါ။
လွတ်လပ်စွာ ကစားခွင့်ပေးပါ – ကလေးကို လွတ်လပ်စွာကစားခွင့်ပေးတာကလည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို စာပဲတစ်ချိန်လုံး ဖတ်ခိုင်းတာမျိုးမလုပ်ဘဲ အချိန်တစ်ခုသတ်မှတ်ပြီး စိတ်ကြိုက် ကစားခွင့်ပေးလိုက်ပါ။ ဒါကကလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖွံ့ဖြိုးကြီးပြင်းစေနိုင်မှာပါ။
ကိုယ့်ကလေးကို အခြားကလေးတွေထက်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဒီနည်းလမ်းလေးတွေကို အစွမ်းကုန်အသုံးချလိုက်တော့နော်။ ကျန်းမာဖွံ့ဖြိုးတဲ့ ဘေဘီလေးဖြစ်လာအောင် ပျိုးထောင်နိုင်ကြပါစေကြာင်း…………
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”