ညောင်ဦး ၁၄ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ကိုယ်လက်အင်္ဂါ မပြည်စုံသော အဘိုးအဘွားမိသားစု ၁၅ စုတို့ကို ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသော ပရဟိတအသင်းအဖွဲ့မှ ယမန်နေ့ညနေပိုင်းက ဆန်၊ စားနပ်ရိက္ခာနှင့် ငွေသား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပရဟိတအသင်းအဖွဲ့သည် ညောင်ဦးမြို့မှ ကိုယ်လက်အင်္ဂါမပြည့်စုံသော အဘိုးအဘွား အိမ်ထောင်စု (၅)စုနှင့် ပခုက္ကူမြို့ (၇) အိမ်တန်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးစခန်းမှ အဘိုးအဘွား အိမ်ထောင်စု (၁၀) စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၅) ပြည်၊ ဆီ (၁) ပိဿာ၊ ဆား (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ (၆၀) ကျပ်သား၊ ငပိတောင်းဘူး (၁) ဘူး၊ ဆပ်ပြာရည် (၁) ဘူး၊ ကြက်ဉ အလုံး (၂၀) နှင့် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ ကျပ်စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင် အလှူရှင်များက အွန်လိုင်းမှတစ်ဆင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပြီး ဆရာတော် ဦးတေဇဝံသနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ  လက်ခံရယူပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်း အထောက်အပံ့ဖြစ်စေရန် စားဝတ်နေရေး အခက်အခဲရှိသော မိသားစုများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)