၁၈ နိုဝင်ဘာ
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ်ဒီဇင်ဘာလတိုင်း ကျင်းပလျက်ရှိရာ အဆိုပါ စုပေါင်းအားကစားလှုပ်ရှားမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်များပြားစေရေးအတွက်လည်းကောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာ ကြံ့ခိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေး၊ သက်တမ်းစေ့နေထိုင်ရေးတို့အတွက် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်သော အလေ့အကျင့်ရှိရန်လည်းကောင်း ကိုယ်လက်လှုပ်ရှားခြင်းဖြင့် လူအများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သော မကူးစက်သောရောဂါများ ကင်းဝေးမှုကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို သိရှိစေရန်လည်းကောင်း၊ ကျန်းမာကြံ့ခိုင်လာသည်နှင့်အမျှ ဆေးကုသခြင်း ကင်းဝေး၍ စရိတ်သက်သာပြီး ပျော်ရွှင်စိတ်ချမ်းမြေ့သောမိသားစုဘဝ ရရှိမည်ဖြစ်ကြောင်း သိရှိစေရန်လည်းကောင်း၊ အားကစားနှင့်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် အနာဂတ်ဘဝတွင် ပိုမိုကျန်းမာပျော်ရွှင်သော လူသားတစ်ဦးအဖြစ် ရရှိစေရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိစေရန်လည်းကောင်း၊ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူနေမှုအဆင့်အတန်းမရွေး ကိုယ်လက်လှုပ်ရှားမှုများဆောင်ရွက် နိုင်စေရေးအတွက် အားကစားစီမံကိန်းများချမှတ်၍ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ရန်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားခြင်းမှတစ်ဆင့် အားကစားအောင်မြင်မှုရရှိအောင် ကြိုးစားခြင်းသည် နိုင်ငံတစ်ခု၏ဂုဏ်၊ လူမျိုးတစ်မျိုး၏သိက္ခာဖြစ်ကြောင်း၊ အားကစားလုပ်ငန်းစဉ်များနှင့် အားကစားပြိုင်ပွဲများသည် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို ရောင်ပြန်ဟပ်စေကြောင်း၊ အားကစားပြိုင်ပွဲများ အောင်မြင်မှုရရှိရေးအတွက် အားကစားစိတ်ဓာတ်သည်အရေးပါကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သင့်သည့် အကြံပြုတင်ပြချက်များ၊ အားကစားနှင့် ပညာရေး ပေါင်းစပ်ဆောင်ရွက်ရမည့်အခြေအနေများနှင့် အမျိုးသားအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား စည်းရုံးစွဲဆောင်နိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးအသိဖြင့် ပြည်သူလူထုအကြား အားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါး ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲကျင်းပသွားမည် ဖြစ်ပါသည်။
ဆောင်းပါးပြိုင်ပွဲအတွက် အောက်ပါခေါင်းစဉ်များနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဝတ္ထုတိုနှင့်ကဗျာများအား ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ရေးသားယှဉ်ပြိုင် နိုင်ပါသည်။
(၁) ရောဂါကင်းလို့ ကျန်းမာဖို့၊ နေ့စဉ်လမ်းလျှောက်ကြပါစို့
(၂) ကျန်းမာကြံ့ခိုင်စေဖို့ရာ၊ ကိုယ်လက်လှုပ်ရှားကစားပါ
(၃) ကြံ့ခိုင်ရေးမှ ကျန်းမာရေး၊ လူထုအားကစားအစဉ်အလေးပေး (၄) မျိုးဆက်သစ်များကြံ့ခိုင်ရေး၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ပေး
(၅) တိုင်းပြည်အင်၊ လူထုအားက
(၆) ရောဂါကင်းဝေး ကျန်းမာစေရေး၊ ကိုယ်လက်လှုပ်ရှားကစားပေး
(၇) လူထုအားကစားလ ဒီဇင်ဘာ တက်ကြွပျော်ရွှင်စွာဆင်နွှဲပါ
(၈) ကျန်းမာစေကြောင်းနည်းလမ်းကောင်း၊ စုပေါင်းဆင်နွှဲလူထုလမ်းလျှောက်ပွဲ
(၉) နိုင်ငံ့အားကစားမြှင့်တင်ရန် လူထုအားကစားကိုအခြေခံ
(၁၀) မူးယစ်ဆေးဝါးပပျောက်ရေး အားကစားနှင့်ကုစားပေး
ဆောင်းပါးပြိုင်ပွဲအတွက် Microsoft Word Software ဖြင့် Unicode Pyidaungsu Font Font Size(13)အရွယ်အစားဖြင့် A4 စာမျက်နှာ(၇)မျက်နှာထက် မနည်း၊ (၈)မျက်နှာထက်မများ ဝတ္ထုတိုပြိုင်ပွဲအတွက် Microsoft Word Software Ge Unicode Pyidaungsu Font,Font Size (13)co gus2000: A4 စာမျက်နှာ(၁၀)မျက်နှာထက်မနည်း၊ (၁၁)မျက်နှာထက်မများ၊ ကဗျာပြိုင်ပွဲအတွက် Microsoft Word Software G Unicode Pyidaungsu Font, Font Size (13) အရွယ်အစားဖြင့် AA စာမျက်နှာ(၄)မျက်နှာထက်မနည်း၊ (၅)မျက်နှာထက်မများ ရေးသားယှဉ်ပြိုင်ရမည်။
ပြိုင်ပွဲဝင်ရောင်စုံဓာတ်ပုံများကို ၁၀ "၁၄" အရွယ်ဖြင့် အကန့်အသတ်မရှိ တင်သွင်းယှဉ်ပြိုင်နိုင်ပြီး ဓာတ်ပုံခေါင်းစဉ်ဖော်ပြရမည်။
ပြိုင်ပွဲဝင်စာမူများအနေဖြင့် ပြိုင်ပွဲဝင်စာမူနှင့်ဓာတ်ပုံများအား အရေအတွက် အကန့်အသတ်မရှိ ပေးပို့ယှဉ်ပြိုင်နိုင်သည်။
အထက်ဖော်ပြပါ ပြိုင်ပွဲဝင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာစာမူများနှင့် ဓာတ်ပုံ များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက် နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (အားကစားပြတိုက်)၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူကာပေးပို့ကြရန်နှင့် စာမူနှင့်အတူ လိုင်စင်ဓာတ်ပုံ(၂)ပုံ ပေါ်လွင်ထင်ရှားသောနိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူမှန်(၁)စောင်း ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက်(၁)စောင်၊ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်တို့ ပါရှိရမည်ဖြစ်ပြီး ရေးသားယှဉ်ပြိုင်ထားသည့် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့်ဓာတ်ပုံ)များအား ထည့်သွင်းထားသည့် Soft Copy (၁)ချပ်နှင့် Hard Copy (၁)စုံတို့ကိုလည်း ပူးတွဲပေးပို့ကြပါရန်ဖြစ်သည်။
ပြိုင်ပွဲတွင် လက်ခံရရှိသောစာမူများနှင့်ဓာတ်ပုံများအနက် ဆုရရှိသည့် ဝတ္ထုတို၊ ဆောင်းပါး ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများအတွက် ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆုအား ကျပ်(၈)သိန်း၊ တတိယဆု ကျပ်(၆)သိန်းနှင့် နှစ်သိမ့်ဆုအား ကျပ်(၅)သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။
ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့် ဆုရစာမူများအား နေ့စဉ်ထုတ်သတင်းစာများနှင့် အားကစားဂျာနယ်များတွင် ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ရာ စာမူပေးပို့ရန် သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော စာမူများ၊ ဓာတ်ပုံများ၊ သတ်မှတ်ထားသည့် စာရွက်စာတမ်း၊ အထောက်အထားမပြည့်စုံသော စာမူများနှင့် ဓာတ်ပုံများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ အသေးစိတ် သိရှိလိုပါက ဖုန်း-၀၆၇-၈၁၀၄၃၃၄ ၀၆၇-၈၁၁၄၃၅၊ ၀၉-၂၀၀၂၁၉၆ တို့သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာ့အလင်း


