မိုးနဲ    ၁၅   ဖေဖော်ဝါရီ    

ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(EIM) Exercise is Medicine အစီအစဉ်အရ ရှမ်းပြည် နယ် (တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူး ပေါင်းကာ ကျောင်းနေအရွယ် ကလေးငယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ ဖြိုးသော လူငယ်မောင် မယ်များ ပေါ်ထွက်လာစေရေးအတွက် (Myanmar Fitness Dance ) အကများဖြင့် သရုပ်ဖော် ကပြခြင်း ကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောက်း(နမ့်မော်ဆွမ့်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယပညာဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်နန်းသန်းသန်းစိုး က ကျောင်းသား/ကျောင်းသူလေးများအား  အားကစားဆိုင်ရာအသိ ပညာပေးဟောပြောဆောင်ရွက် ခြင်း နှင့်ကျောင်းအတွက် အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပေးခဲ့ပြီး ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (EIM)အစီအစဉ်အရ  ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကိုယ် ကာယလှုပ်ရှားမှုလေ့ကျင့်ခန်း ငါးမျိုးကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ဆက်လက်၍ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) နားလင့် သို့လည်း ညနေ ၂ နာရီအချိန်ကသွားရောက်၍  အလားတူ ကိုယ်ကာယ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)