ရန်ကုန် ၁၇ မေ  

 

ချစ်သူတွေအဖြစ် ရက်ပ်အဆိုတော် ကျော်ထွဋ်ဆွေနှင့် မော်ဒယ်လ်အဆိုတော် နန်းသူဇာတို့ ချစ်သူသက်တမ်း သည် ခုနစ်နှစ်ကြာခဲ့ပြီဖြစ်သည်။ သို့သော် ကိုယ်ပိုင်ဘဝကို တည်ဆောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိမှသာ လက်ထပ်ဖို့ ဆုံးဖြတ်မည်ဖြစ်ကြောင်း နန်းသူဇာက ပြောသည်။

 

"ချစ်သူသက်တမ်းက ခုနစ်နှစ်ရှိသွားပြီ။ အခုထိတော့ နားလည်မှုတစ်ယောက်နဲ့ တစ်ယောက်ရ ထားတယ် လို့ ထင်ပါတယ်။ စိတ်ဆိုးရင်လည်း စိတ်ဆိုးနေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်ဆက်နွယ်မှုတွေမှာ ပွင့်လင်းမှုမရှိရင်တော့ ရေရှည်မှာ အဆင်ပြေနိုင်မယ်မထင်ဘူး”ဟု နန်းသူဇာကပြောသည်။

 

ချစ်သူစုံတွဲတိုင်းသည် သဝန်တိုမှုများ ဖြစ်နိုင်ပြီး သို့သော်လည်း သဝန်တိုတိုင်း ပြဿနာတက်နေခြင်း တော့ လက်မခံကြောင်း၊ အချင်းချင်းညှိနှိုင်းခြင်းဖြင့် ပြေလည်နိုင်ကြောင်း နန်းသူဇာကပြောပြပြီး “အခုနေ တစ်ဦးနဲ့တစ်ဦး လက်ထပ်လိုက်ကြပါပြီတဲ့။ နန်းသူဇာတို့တွေ မိဘတွေအိမ်မှာ နေကြရမှာပေါ့။ သီးသီးသန့်သန့် လေး တစ်ပိုင်တစ်နိုင်နဲ့ ကိုယ့်မိသားစုကိုယ်တာဝန်ယူနိုင်တဲ့ လုပ်ငန်းလေးတွေ အောင်မြင်မှုရလာမှ လက်ထပ် မယ်လို့ ဆုံးဖြတ်ထားတယ်။ မိသားစုဖြစ်လာရင် အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံလေးဖြစ်ချင်လို့ ကြိုးစားနေပါတယ်” ဟု နန်းသူဇာကပြောသည်။

 

ကိုလင်း