၇ မေ
ကိုယ်သိုင်းကြိုးဝတ်ပေးထားတဲ့ ဘယ်လူဂါ ဝေလငါးဟာ ရုရှားနိုင်ငံက ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုထားတယ်လို့ ပြောဆိုနေပါတယ်။ ဝေလငါးရဲ့ကိုယ်သိုင်းကြိုးမှာ ကင်မရာတစ်လုံး တပ်ဆင်ထားပြီး စိန့်ပီတာဘတ်စ်ရဲ့ ကိရိယာပစ္စည်းလို့ အဓိပ္ပါယ်ရတဲ့ စာကို အင်္ဂလိပ်လို ရေးသားထားကြောင်း အဏ္ဏဝါ ဇီဝဗေဒပညာရှင် ဂျော်ဂမ်ရီးဝိခ် က ပြောပါတယ်။
ဝေလငါးပေါ်က ကိုယ်သိုင်းကြိုးကို မစ္စတာ ဝိခ်ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ၂ ဦးနဲ့ ရေလုပ်သား ၁ ဦး တို့ရဲ့ အကူအညီနဲ့ ဧပြီ ၂၆ ရက်နေ့က ဖြုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဝေလငါးဟာ လူတွေအနီးမှာ အေးအေးဆေးဆေး နေနိုင်ကြောင်း၊ လှေပေါ်ကို တက်နိုင်တာမျိုးလည်း လုပ်နိုင်ကြောင်း၊ ဒါကြောင့် လူနဲ့ အင်မတန်ရင်းနှီးတဲ့ပုံစံရှိကြောင်း၊ ဒီဝေလငါးကို ရုရှားရေတပ်က လေ့ကျင့်ပေးထားတယ်လို့ ယူဆနိုင်ကြောင်း၊ အရင်ကလည်း ရုရှားရေတပ်က အဲဒီလို လုပ်ဖူးတယ်လို့ သိထားတဲ့အတွက် အခုလိုပြောရခြင်းဖြစ်ကြောင်း သတင်းဌာနကို ပြောပါတယ်။

အဲဒီကိုယ်သိုင်းကြိုးကို နော်ဝေရဲတပ်ဖွဲ့ (PST) က သိမ်းသွားခဲ့ပြီး (PST) ရဲ့ ဆက်သွယ်ရေးအရာရှိက အခုလို ပစ္စည်းဟာ ဝေလငါးကိုယ်ပေါ်မှာ တွေ့ရတယ်ဆိုတာ နေ့စဉ်တွေ့နေကြပစ္စည်း မဟုတ်ပါဘူး။ ဝေလငါးဟာ နော်ဝေရဲတွေ စုံစမ်းစစ်ဆေးမယ့် အစီအစဉ်မှာ သံသယရှိသူတော့ မဟုတ်ဘူးလို့ ပြောပါတယ်။
MDN
ကိုးကား - AFP
ဓါတ်ပုံ -NORWEGIAN DIRECTORATE FISHERIES