ဒီးမော့ဆို  ၁၀   ဖေဖော်ဝါရီ      

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်နှင့် ငွေတောင်ကျေးရွာ အုပ်စု အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ငွေတောင်ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။

 

ါ်3

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား လက်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

3.3.

 

ဒါ့ပြင် ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေတောင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများက လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးခဲ့သည်။

 

63

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ဒီးမော့ဆို မြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင် ၁၇၃၇ ဦး၊ အသက်(၂) နှစ်အောက် ကလေးသူငယ် ၁၅၈၇ ဦး စုစုပေါင်း ၃၃၂၄ ဦးအား တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် သုံးလစာအတွက် ငွေကျပ် ၄၅၀ဝ၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့တွင် မြို့မရပ်ကွက်ရှိ မိခင် ၈၉ ဦး၊ အသက်(၂) နှစ်အောက် ကလေးသူငယ် ၉၀ ဦး၊ ငွေတောင်ကျေးရွာအုပ်စုတွင် မိခင် ၁၅၄ ဦး၊ အသက်(၂) နှစ်အောက် ကလေးသူငယ် ၁၅၁ ဦးအား ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသော ကျေးရွာအုပ်စုများကို ဖေဖော်ဝါရီ ပထမပတ်မှ စ၍ ကျေးရွာကော်မတီများနှင့် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြာရယ်ထံမှ သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

 

852