ဘားအံ ၁၇ ဇူလိုင်
ကရင်ပြည်နယ် ဘားအံမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီက အ.ထ.က(၁) မြသံလွင်ခန်းမတွင် ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့က ထောက်ပံ့ငွေများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ကိုယ်ဝန်ဆောင်မိခင် ၉၈ ဦးနှင့်အသက် (၂) နှစ်အောက် ကလေးငယ် ၇၉ ဦး စုစုပေါင်း ၁၇၇ ဦးအတွက် တစ်ဦးလျှင် ၄၅၀ဝ၀ ကျပ်စီ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


