ငရုတ်ကောင်း ၁၀ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ငရုတ်ကောင်းတောင် ကားလမ်းမိုင်တိုင် အမှတ် (၂/၇)နှင့် (၃) မိုင်ကြားတွင် မေ ၉ ရက် မွန်းလွဲပိုင်းက ပုသိမ်မြို့သို့ ပို့ဆောင်ရန်ကြက်စာကုန်များ တင်ဆောင်ပြီး ယာဉ်မောင်း ရန်နိုင်ဦးနှင့် ယာဉ်နောက်လိုက် အောင်မင်းဦးတို့ လိုက်ပါစီးနင်းလာသည့် ယာဉ် လမ်း၏ လက်ဝဲဘက်အခြမ်းသို့ ဘရိတ်ပေါက်၍ လမ်းဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြပြီး ငရုတ်ကောင်း နယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)