ဗန်းမော် ဇူလိုင် ၁၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်က စတင်၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဖြစ်ပွားခဲ့ရာ တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်ခံသည့် လူနာများပြားလာခဲ့ပြီး ဗန်းမော် မြို့နယ်တွင် ဇူလိုင် ၁၃ ရက်မှ စတင်၍ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home)သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါသတ်မှတ်ကြေညာရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် အမိန့်အမှတ် ၂၈၇/၂၀၂၁ ကြေညာချက်ဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ကာ ဗန်းမော်မြို့ သိမ်မဟာစေတီတော်ကြီးရှေ့ လမ်းမကြီး၌ လည်းကောင်း၊ နန်းသီတာမီးပွိုင့်လမ်းဆုံနှင့်လူစည်ကားရာ နေရာများတွင် ပြည်သူများအား မလိုအပ်ဘဲ အပြင်ထွက်ခြင်းရှိမရှိကို တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


