ဆဒုံး ၁၅ မေ
ကချင်ပြည်နယ် ဆဒုံးမြို့တွင် တိုက်ပွဲရှောင် ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ငွေကျပ်သန်း (၃၀ဝ) ဖြင့် ၁၈ × ၂၄ ပေ × ၁၂ ပေ တန်ဖိုးနည်းအိမ်ရာအလုံး(၄၀) ကို ဆောက်လုပ်ပေးခဲ့သည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ နေထိုင်သည့် တန်ဖိုး နည်းအိမ်ရာနေရာတွင် ကျောက်ချောလမ်း အရှည်ပေ ( ၁၃၆၀) ပေ နှင့် မြေထိန်းနံရံ (၃၂၅) ပေ ရှိ လုပ်ငန်းများကို ဆောင်ရွက်ရန်၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ်သန်း (၇၈.၇၆၀) သန်းဖြင့်လျာထား ခွင့်ပြု ပေး ထားပြီး ကချင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးကျော်မင်း (ညွှန်ကြားရေးမှူး) နှင့်ဦးမျိုးလွင် (လက်ထောက်ညွှန်ကြား ရေးမှူး) မြို့ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် (၉)နာရီတွင် ကျောက်ချောလမ်း ခင်းခြင်းနှင့် မြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)


