နေပြည်တော် ၁၄ မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မော်ဖောင်းခါနန်နှစ်ခြင်း၊ မော်ဖောင်းလော်ဝေါနှစ်ခြင်း၊ နန်းကွေ့စိန့်ယောဟန်၊ ပလနကက် သလစ်လူငယ် ဗဟိုကျောင်း IDP စခန်းများနှင့် မိုးညှင်းမြို့နယ်ရှိ နန့်မွန်းနှစ်ခြင်း ဘုရားကျောင်း IDP စခန်း စုစုပေါင်း IDP စခန်း(၅)ခုနှင့် မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းတြီနတီနှင့် နောင်နန်းဂျော်မဆပ် ယာယီတိုက်ပွဲရှောင်စုရပ် (၂)နေရာသို့ သွားရောက်၍ လက်သန့် ဆေးရည် (၁၀၅၄)ဘူး၊ ဆပ်ပြာ(၄၂၁၇)ခဲ၊ အပူချိန်တိုင်းကိရိယာ (၆)ခုတို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ အေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ IDP စခန်း(၂)သို့ သွားရောက်၍ ဆပ်ပြာ(၅၂၈၁)ခဲနှင့် အပူချိန်းတိုင်းကိရိယာ (၂)ခုတို့အား ထောက်ပံ့ခဲ့သည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အုန်းတောရှည်၊ အုန်းတောကြီးတောင်၊ အုန်းတောကြီးမြောက်၊ ဆေးသမားကြီး၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ ဒါးပိုင်၊ သက္ကေပြင်၊ မော်သီညာ၊  ခေါင်းဒုက္ကာ၊  ဘာဆာရာ၊  သဲချောင်း စုစုပေါင်း IDP စခန်း(၁၂)ခုနှင့် စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်း၊  ကရုချောင်း၊  လောသိတာရုံ၊  ဝိဘဇ္ဇဝါဒီ၊  ဗုဒ္ဒေါမော်၊  ဓမ္မရာမ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ နန်းရွှေဂူ၊ မဟာဇေယျသိဒ္ဓိ၊ မဏိရတနာ၊ ဆည်ကြီး၊ အလိုတော်ပြည့်၊ မဟာဝိဇယာရာမ၊ ဆုတောင်းပြည့်၊ ဒက္ခေါင်း၊ မဟာအောင်မြေဘုံ၊ တေဇရာမကမ္မဌာန်း၊ သာသနာ့ဗိမာန်နှင့် မဟာသိမဝံသ ကျောင်းတိုက်များရှိ ယာယီတိုက်ပွဲရှောင်စုရပ်များနှင့် ဘူးသီးတောင်မြို့နယ်ရှိ ဖုံညိုလိပ် ယာယီတိုက်ပွဲရှောင်စုရပ် စုစုပေါင်းနေရာ (၂၀)သို့ သွားရောက်၍ အဝတ် Mask (၂၂၉၃၂)ခု၊  Surgical Mask (၁၁၈)ခု၊ လက်သန့်ဆေးရည် (၅၉)ဘူး၊ ဗီနိုင်း(၉)ချပ်၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေးစင်(၂)ခု၊ ထုံးအိတ်(၃၂၀)တို့အား ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်