မြစ်ကြီးနား    ဧပြီ   ၁၀

 

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့၌      ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ   ကျင်းပပြုလုပ်နိုင်ရေး  စီမံ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီခွဲက     မြို့တော်ခန်းမ၌ မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်မည့်   ပြည်နယ်အထွေထွေ      အုပ်ချုပ်ရေး ဦးစီးဌာန   ယိမ်းအဖွဲ့များ၏ ဝတ်စုံပြည့်လေ့ကျင့်ကပြမှုကို ကြည့်ရှုအားပေးသည်။

 

ပြည်နယ်ဝန်ကြီးချုပ်က ယိမ်းအဖွဲ့များအနေဖြင့် မဟာသင်္ကြန် ပွဲတော်တွင်   ဝင်ရောက်ကပြ ယှဉ်ပြိုင်ရခြင်းသည်    မိမိတို့၏        ရိုးရာယဉ်ကျေးမှုအမွေကို ထိန်းသိမ်း ခြင်းဖြစ်ပြီး  မိမိတို့၏  စုပေါင်းအင်အား၊ စည်းလုံးမှုနှင့် ငြိမ်းချမ်း ပျော်ရွှင်မှုကို  သရုပ်ဖော်နေခြင်း ဖြစ်သည်ဟု မှတ်ယူ၍ ယှဉ်ပြိုင်ကြရန်လိုကြောင်း    တိုက်တွန်းမှာကြားပြီး ဝတ်စုံပြည့် ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့ များအား    ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်အားပေးသည်။

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ရုံးမလိခခန်းမ၌  မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေးနှင့် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ရိုးရာ အစဉ်အလာမပျက်   ကုသိုလ် ကောင်းမှုပြုသည့် အခမ်းအနား များ အောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက်   လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က   ယခုနှစ်တွင် ကျရောက်မည့်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကို   ရိုးရာအစဉ်အလာနှင့်အညီ ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ရေး     လုပ်ငန်း ဆပ်ကော်မတီများအနေဖြင့်  လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့်   မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ      ပိုမို စည်ကားသိုက်စွာဖြင့်   အများ ပြည်သူ အေးချမ်းလုံခြုံစွာ ဆင်နွှဲ နိုင်ရေးကို အလေးထား စီမံဆောင် ရွက်သွားရမည်  ဖြစ်ကြောင်း၊ ထို့အတူ   မြန်မာ့ဓလေ့ထုံးစံနှင့်အညီ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသည့် နှစ်ဆန်း တစ်ရက်နေ့ ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကိုလည်း အောင်မြင်စွာ   ကျင်းပနိုင်ရေး စီမံဆောင်ရွက် သွားကြရန်  လိုကြောင်း ပြောကြားပြီး တင်ပြမှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)