နေပြည်တော်၊ ဧပြီ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် သိန်း ၆,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၄ ရက် ညနေ ၄ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မန္တလေးမှ ဟိုပင်ဘက်သို့ မြင့်ဇော်ဦး (ခ) ဝင်းလွင် မောင်းနှင်ပြီး ရန်နိုင်မိုး (ခ) ကိုမိုး လိုက်ပါ လာသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ဆပ်ပြာခွက် ၃၀၈၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူအလေးချိန်  ၂၇ ဒသမ ၇၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်