ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ

 

နေပြည်တော်၊ မတ် ၁၉

 

နေပြည်တော်၊ မတ် ၁၉

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက်နေ့ မွန်းလွဲ ၂  နာရီတွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင်  သန်းစိုးအောင်(ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ဖိုးပိန် လိုက်ပါလာ သည့် YANG FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့်  YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)