ပူတာအို ဇွန် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စုရှိ ဒေသခံ ကျေးလက်နေ ပြည်သူများနှင့် ‌ ပြည်နယ်ဝန်ကြီးများက ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဇွန် ၁၄ ရက် ညနေပိုင်းက ထရန်ဒမ်းကျေးရွာ နမ်ဆာရ်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင်တို့က လုပ်ငန်းတာဝန်များကို အသီးသီးမိတ်ဆက်ရှင်းလင်း‌ ပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးလက်နေ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်၀န်ကြီးများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးများသည် ဇွန် ၁၅ ရက် နံနက်ပိုင်းက ပူတာအိုမြို့ စက်မှုလက်မှုသိပ္ပံကျောင်း၌ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ကြပြီး ပျဉ်းကတိုးပင် ၁၀၀၊  သစ်အယ်ပင် ၁၀၀၊ ရေပိတုန်း/သစ်လင်းလွန်းပင် ၁၀၀ စုစုပေါင်းပျိုးပင် ၃၀၀ ကို တပျော်တပါးစု‌ပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသား ယဉ်ကျေးမှုပြတိုက်သွား ကွန်ကရစ်လမ်း ရေရှည်ခိုင်ခံ့နိုင်ရေးအတွက် ကွန်းကရစ်လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)