နေပြည်တော် မတ် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၉ ဒသမ ၂၄၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ယခုအခါ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ကချင်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရေးလုပ်ငန်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၃၄ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)