မြစ်ကြီးနား ၅ သြဂုတ်

 

သမဝါယမအသင်းသားများသည် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် အသင်းသားများဖြစ်သည့်အပြင် တစ်ဖက်မှလည်း စားသုံးသူပြည်သူများလည်း ဖြစ်ကြသည်။ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက (၂၀၇၄)မှ ကြက်သွန်နီ (လတ်ကြီး/လတ်သန့်) ပိဿာချိန် (၂၀၁၆၀၉၅) ပိဿာ ထုတ်လုပ်နိုင်ခဲ့ပြီး ဒေသတွင်း စားသုံးမှု ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်သည့်အပြင် မြန်မာပြည်အနှံ့အပြားသို့လည်း တင်ပို့ရောင်းချနိုင်ခဲ့သည်။

 

ယခုအခါ ကချင်ပြည်နယ်ရှိ သမဝါယမအသင်းသားများနှင့် ဒေသခံပြည်သူများသည် ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသော ကြက်သွန်နီများကို ထပ်ခါထပ်ခါ မှာယူသည့်အတွက် တတိယအကြိမ်အဖြစ် ကချင်ပြည်နယ် သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ ကြက်သွန်နီ (လတ်ကြီး/လတ်သန့်) ပိဿာချိန်(၆၈၀၀)အား ဝယ်ယူ၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမအသင်းသားပြည်သူများထံသို့ ဒေသပေါက်ဈေး ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ နှုန်းရှိသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၆၁၀ နှုန်းဖြင့် လယ်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်