မြစ်ကြီးနား နိုင်ဘာ ၂၄

 

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား နိုင်ဘာလ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့ အားကစားနှင့်ကာယပညာ ဦးစီးဌာနရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့င် ပြည်နယ်န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီ င်များ ၊ပြိုင်ပွဲ၀င်အသင်းများမှ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်န်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ တံခွန်ဆိုက်အလံနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 

အဲ့ဒီနောက် ‌မြန်မာ့ရိုးရာနှင့်တိုင်းရင်းသားယဉ်ကျေးမှု အကအလှအများ၊ Fitness Dance နှင့် တေးသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး သရုပ်ပြအဖွဲ့အား ပြည်နယ်န်ကြီးချုပ်က ဂုဏ်ပြုဆု‌ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား နိုင်ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ပတ်ကြာကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်၊ ဗန်းမော်မြို့မှာရှိတဲ့ အသင်းတွေသာမက စစ်ကိုင်းတိုင်းဒေသကြီးမှ အင်းတော် အသင်းအပါအင် စုစုပေါင်း (၁၆)သင်း ပါင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

ပြည်နယ် ပြန်/ဆက်