မြစ်ကြီးနား ၁ သြဂုတ်
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဓမ္မရက္ခိတဝန်းသိုကျောင်းဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ပင့်သံဃာဆရာတော်များ ကြွရောက်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြကာ နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(ပြည်နယ် ပြန်/ဆက်)