မိုးညှင်း   ဖေဖော်ဝါရီ    ၂

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တက္ကသိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ရက်က မိုးညှင်းတက္ကသိုလ်ရှေ့၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ဦးဆောင်သည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

အဆိုပါ နိုင်လွန်ကတ္တရာလမ်းသစ်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Mann Htin Paw Co., Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး လမ်းအရှည် ပေ ၂၀၀၀ နှင့် အကျယ် ၂၄ ပေရှိကာ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၂ ဒသမ ၇၇၈ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)