မြစ်ကြီးနား      ၁၁  နိုဝင်ဘာ

 

ကချင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းသုံး ပစ္စည်းများကို နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ(၂)နာရီတွင် ထိန်ချုံးခရိုင်၊ ဟော်ချောင် မြို့နယ်၊ တရုတ်-မြန်မာချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။

 

mdn

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့် တာဝန်ရှိသူများက အဆိုပါ လိုဏ်ခေါင်းရှေ့၌ ပေါင်းဆန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ တရုတ်ငွေ ယွမ်(၅)သိန်းတန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း (Mask) ခုရေ ၅၄၀ဝ၀ဝ၊ N95 Mask ၂၀ဝ၀ဝ ၊ တခါသုံးလက်အိတ် (၄၀ဝ၀ဝ)၊ PPE ဝတ်စုံ (၂၇၀ဝ)နှင့် ဆေးရုံသုံးဖိနပ် ၄၀ဝ၀ဝ ၊ Hand Antiseptic Rinse Free Gel 500ml ၁၉၂၀ လုံး၊ 84 ပိုးသတ်ဆေးရည် 5kg ၃၂၀ ပုံးပေးအပ်လှူဒါန်းမှုကို လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

 

မျိုးမြင့်စိုး(ပြန်/ဆက်)