မိုးကောင်း  ၂၅   ဇန်နဝါရီ 

ကချင်ပြည်နယ်အတွင်း အတူတကွ မှီတင်းနေထိုင်ကြသည့် အတူနေဌာနေတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် နှစ်ဦးကောက်သစ်စားပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက မိုးကောင်းမြို့နယ် နမ္မနကျေးရွာ ဘောလုံးကွင်း၌ကျင်းပရာ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ မိုးညှင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ ဒေါက်တာမနမ်တူးဂျာ၊ ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မိုးညှင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေး? ပွဲတော်ဖြစ်မြောက်ရေးကော်မတီဉက္ကဌ ဦးအောင်မျိုးမြင့်တို့မှ အခမ်းအနားမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဘတ်ကာ၊ ခရစ်ယာန်သိက္ခာတော်ရဆရာများမှ ကောင်းချီးမင်္ဂလာဆုကျေးဇူးတောင်းခံ၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ဆက်လက်၍ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ညွန့်က ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ညွန့်က ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ ကချင်မျိုးနွယ်စုတိုင်းရင်းသားများမှ ပေးပို့သည့်သဝဏ်လွှာအား ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဖတ်ကြား၍၊ ကချင်မျိုးနွယ်စု ဗဟိုစာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် ရှမ်းမျိုးနွယ်စု ဗဟိုစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ပေးပို့သည့် ဂုဏ်ပြုချီးမြှင့်လွှာတို့ကို တာဝန်ရှိသူတို့မှ ဖတ်ကြားကာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဉက္ကဌ ဦးအောင်မျိုးမြင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

‌ေ

 

ထို့နောက် တိုင်းရင်းသားမျိုးနွယ်စုအကအဖွဲ့များ၊ ဒေသခံအကအဖွဲ့များက ငြိမ်းချမ်းရေးတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၁၅ဝဝ ဦးခန့် တက်ရောက်ကြောင်း သိရသည်။ 

ဝင်းနိုင်(ကချင်မြေ)